ဘာရယ်မဟုတ်ဘူး..။
ဒီနေ့က မိုးအေးနေတယ်...။နေ့လည်ကတည်းက ရွာနေတဲ့မိုးက အခုထိ မတိတ်သေးဘဲ တဖြောက်ဖြောက်ပါပဲ။
ပြီးတော့ နဲနဲလဲအေးတယ်..။လူကြီးကလဲIgမှာပေါ်မလာဘူး..။
လူကြီးအပြုံးတွေကို တစ်နေ့မမြင်ရရင်တောင် မနေနိုင်တာ Screenပေါ်က လူကြီး သိမှသိပါလေစ..။Minari Story Updateဆိုတော့ ဒီနေ့ ဝမ့်ဆွတ်တွေ ပြာယာခတ်နေကြတယ်...။မျက်နှာလေး မြင်ချင်တာကို Updateမှာ ခေါင်းပါမလာတော့ သူတို့ခမြာ ရယ်ရခက်ငိုရခက်...။
တစ်ဖွဲ့လုံးက ချစ်စရာ တကယ့်အဆိုးလေးတွေပါပဲ..။ အပြစ်လဲမတင်ရက်တော့ Updateကိုပဲ ထိုင်ကြည့်နေရတာ..။
လူကြီးကတော့ ပေါ်လာရင်Selcaတွေ တစ်သီကြီးနဲ့မို့လို့ စိတ်မပူရဘူး..။Minatozaki Sanaကို Biasတော်ထား ရတာ ကောင်းလိုက်တာ..။
တကယ် လူကြီးကို ရှာတွေ့ပြီးတော့ ချစ်ခွင့်ရခဲ့တာကို တကယ်ကျေးဇူးတင်မိတယ်..။လူကြီးလို အမျိုးသမီးလေးက ချစ်ခြင်းမေတ္တာတွေအကုန်လုံးနဲ့ ထိုက်တန်တဲ့လူမျိုး..။ အခုလောက်ချစ်နေရတာနဲ့တင် အားမရဘဲ နောင်ဘဝ အဆက်ဆက် ဆက်ချစ်ချင်နေမိတယ်..။
ဒီနေ့ ကျွန်မနည်းနည်းပင်ပန်းနေတယ် လူကြီးရဲ့..။Testရော Assginmentရော ရှိလို့ လူက တစ်ကိုယ်လုံး အားမရှိဘဲ နုံးချိနေတာ...။ဒါပေမဲ့ နံရံပေါ်က ပိုစတာထဲက လူကြီး အကြောင်းကို တွေးမိလိုက်တာနဲ့ ရင်ထဲ နွေးခနဲပဲ..။
လူကြီးက ကျွန်မရဲ့ အားအင်လေး..။ ကျွန်မကို လမ်းပြပေးတဲ့နေရောင်ခြည်လေး..။လူကြီး ပြုံးနေရင် ကျွန်မကမ္ဘာမှာ နေသာနေတယ် လူကြီးရဲ့..။
အလုပ်တွေပြီးလို့ အိပ်ယာထဲမှာ လှဲနေမိတော့ အတွေးတွေက ရောက်တက်ရာရာပါပဲ..။ တဖြေးဖြေး နီးကပ်လာတဲ့ 7 နှစ်ကျိန်စာဆိုးကြီးကို တွေးမိပြီးတော့ ကျွန်မအနာဂတ်ကို တွေးကြည့်မိတယ်..။
လူကြီးနဲ့memberတွေ တစ်စုတစ်စည်းထဲ ရှိတာကို မမြင်ဘဲနိုးထရမဲ့နံနက်ခင်းတွေကို ကျွန်မမရောက်ချင်တာ အမှန်...။ဒါပေမဲ့ ကျွန်မက လူကြီးတို့လျှောက်မဲ့လမ်းကို တသွေမတိမ်း လိုက်မယ်လို့ ဆုံးဖြတ်ထားပြီးသား..။
YOU ARE READING
[My Little Sunshine]
Randomကိုယ့်ရဲ့နေရောင်ခြည်လေးဟာ အရွယ်အားဖြင့် သေးငယ်ပေမဲ့ မရေမတွက်နိုင်တဲ့ အလင်းရောင်တွေကို ပေးတယ်....! 🍁VamRo🍁