part -1

1.6K 59 3
                                    

Fluke မထသေးဘူးလား ဘယ်အချိန်ရှိပီလဲ နာရီလဲကြည့်ဦး ပီးမှပြာယာပြာယာမလုပ်နဲ့

Fluke -ထပါပီ မားကလည်း
ဒါကတော့ ကျတော်ရဲ့ သာယာတဲ့မနက်ခင်း အစပါပဲ(အတူတူပဲ🥴)ကျတော် နာမည်ကတော့ Flukeပါ နာမည်အပြည့်အစုံကတော့ Fluke Natouch ပါ သူငယ်ချင်းတေကတော့ Flukeလို့ပဲခေါ်ကြတယ် ကျတော်တို့မိသားစုကတော့ အမေရယ်ကျတော်ရယ်ပေါ့ အဖေကတော့ ကျတော်ငယ်ငယ်ကတည်းက နောက်အိမ်ထောင်ပြုသွားတာတယ် ငယ်ငယ်ကတည်းက အမေကပဲပြုစုခဲ့တယ် ကျတော်ကတော့ ဒုတိယနှစ်ကျောင်းသားပေါ့ အထက်တန်းအောင်ကတည်းက အပြင်အလုပ်လုပ်ပီး ကျောင်းတက်ရတယ် အခုချိန်ထိပေါ့ ကျတော်ကတော့ပျော်ပျော်နေတက်တယ် သူငယ်ချင်းတေနဲ့ရှိနေတဲ့ အချိန်ဆိုရင် စိတ်ညစ်စရာတေ အကုန်ပျောက်တယ် ကျတော်က သံယောဇဉ်အရမ်းကြီးတက်တဲ့သူဆိုတော့ သူငယ်ချင်းတေအပေါ်ကိုလည်း အရမ်းတွယ်တာတယ် လူတိုင်းအပေါ်ကို အာ့လိုခံစားချက်ကြီးထားတက်လို့ ကျတော့်ဘဝမှာ အချစ်ဆိုတာကြီးကို ပျောက်ဆုံးနေတယ် ချစ်ရမှာကိုအရမ်းကြောက်နေခဲ့တယ် ကိုယ်အရမ်းချစ်သူရဲ့သစ္စာဖောက်ပီး စွန့်ပစ်ခံခဲ့ရဖူးတော့ အချစ်ဆိုတာကို မယုံတော့ဘူး ကြောက်လည်းကြောက်တယ် အချစ်ဆိုတာကြီးကိုလည်း မခံစားချင်တော့ဘူး ကျတော့်အဖေကလည်း ကျတော်3နှစ်သားလောက်မှာ သူအရမ်းချစ်လို့ဆိုပီး ယူထားတဲ့ ကျတော့အမေကိုထားခဲ့ပီး နောက်အိမ်ထောင်ပြုသွားတယ် အာ့ခံစားချက်တေကို ဖုံးထားပီသူငယ်ချင်းတေနဲ့ ပျော်ပျော်နေတယ် စိတ်ညစ်စရာတေကို ဦးနှောက်ထဲကနေ မြန်မြန်ထုတ်ပစ်လ်ိုက်တယ် အရမ်းမခံစားချင်ဘူး အာ့ကတော့ ကျတော့်ဘဝပဲ ဒါနဲ့ကျောင်းနောက်ကြတော့မှာပဲ ကျောင်းနောက်ကြရင်ဆရာမက တကျောင်းလုံးက အမှိုက်တေကောက်ခိုင်းမှာ မြန်မြန်သွားရမယ်

ရေချိုးအိင်္ကျီလဲပီး လွယ်အိတ်လွယ်ပီး အောက်မြန်မြန်ဆင်းခဲ့တဲ့ Flukeလေးက စာပွဲခုံးပေါ်မှာတင်ထားတဲ့ မုန့်ကလေးကို ပါးစပ်ထဲတခုထည့်လိုက်တယ် လက်ကနောက်တခုကို ကိုင်ထားပီးတော့

Fluke -မားကျတော် ကျောင်းသွားတော့မယ်နော်

Fluke မား -သွားတော့မို့လား မုန့်ကိုကုန်အောင်စားသွားလေ ကျောင်းရောက်ရင် ဗိုက်ဆာနေလိမ့်မယ်

အချစ်နိဒါန်းWhere stories live. Discover now