Earth -hello Fluke မင်းတို့အိမ်ကို ငါကားလွှတ်လိုက်တယ်နော် Prem ရောက်ပီလား ကိုယ့်ဖာသာကိုလာနေရင် အိမ်ရှာနေရမှာဆိုးလို့
Fluke -Prem ကတော့မရောက်သေးဘူး မင်းလွှတ်လိုက်တဲ့ ကားကတော့ရောက်ပီ Prem ရောက်တာနဲ့ ငါတို့လာခဲ့မယ်လေ အာ့ဆိုဖုန်းချလိုက်တော့မယ်နော်
Earth -အေးပါ
Prem -Fluke ရေ Fluke ငါရောက်ပီဟ မင်းကဘယ်မှာလည်း
Fluke -ငါကအပေါ်ထပ်မှာ တက်ခဲ့လိုက်လေ
Prem -Fluke အိမ်ရှေ့မှာရပ်ထားတဲ့ ကားကဘယ်သူ့ကားကြီးလဲ မိုက်လိုက်တာ
Fluke - Earth တို့အိမ်ကကားလေ မွေးနေ့ကိုလာဖို့ ကားကြိုလွှတ်ပေးလိုက်တာတဲ့
Prem -ဟုလား Earth ကအရမ်းသဘောကောင်းတာပဲ အားတောင်နာလာပီ ဒါပေမယ့်လေ သူ့အိမ်သွားရမှာ တကယ်လန့်နေတယ် သိလား
Fluke -ဟုတယ် ငါလည်းကြောက်နေတယ်သွားရမှာ ထားလိုက်ပါသူကမှ လာစေချင်လို့ ကားတောင်လွှတ်ပေး ထားတာဆိုတော့လည်း သွားရမှာပေါ့ လာပါသွားရအောင် Earth မျှော်နေတော့မှာ
တလမ်းလုံး စကားလေးတေပြောပီးလိုက်လာခဲ့ကြတယ် လက်ဆောင်လေးတေကိုယ်စီကိုင်ပီးတော့ပေါ့ Earth တို့က အရမ်းချမ်းသာတယ်လေ အိမ်ကလည်းအကြီးကြီးပဲလေ ခြံဝင်းကလည်း ပန်းတေနဲ့အရမ်းလှတယ် ခြံထဲဝင်လိုက်တာနဲ့ စိတ်ကိုကြည်လင်နေအောင် ပန်းပင်တေတခြားအလှပင်တေနဲ့ အရောင်ကိုစုံနေတာပေါ့ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ ခြံထဲစဝင်ကတည်းက မျက်ခင်းပေါ် ပြေးအိပ်ချင်စိတ်တေပဲပေါက်နေတာပေါ့
Prem -woo....ခြံကြီးက အကျယ်ကြီးပဲ မိုက်လိုက်တာကွာ
Fluke -စိတ်လေးလည်း ထိန်းပါဦးဟ ကိုယ့်အိမ်မဟုဘူးနော်
Prem -အေးပါ ငါသိပါတယ်ဟ Earth တို့က တော်တော်ချမ်းသာတာပဲနော် ငါတို့နဲ့ မိုးနဲ့မြေလိုကွာတာ အားကြလိုက်တာအရမ်းပဲ
Fluke -အားကြမနေနဲ့ဒီဘဝအတွက်တော့ မဖစ်နိုင်တော့ဘူး နောက်ဘဝအတွက်ပဲ များများဆုတောင်းတဲ့ 55555
Prem -အေးပါကွာ😔😔
Earth -ရောက်နေတာကို အိမ်ထဲမဝင်ခဲ့ဘူး အပြင်မှာ ဘာရပ်လုပ်နေတာလည်း လာခဲ့ကိုယ်အိမ်လိုသဘောထားနော် လွတ်လွတ်လပ်လပ်နေနော် ညကြရင်ကိုကြီးနဲ့ မိတ်ဆတ်ပေးမယ် အခုတော့ အလုပ်သွားနေတယ် ညမှပြန်လာမှာ ဒီနေ့တော့စောစောပြန်လာမယ် ထင်တာပဲ သူကအချိန်တိကျမှ ကြိုက်တာဆိုတော့ သိပ်မပြောတက်ဘူး ထားပါအာ့တေ မင်းတို့ဘာစားခဲ့ပီလဲ ငါတခုခုစားမလား ငါလုပ်ခိုင်းလိုက်လေ
YOU ARE READING
အချစ်နိဒါန်း
Romanceအချစ်ဆိုတာကြီးကို တွေ့ရင်လူတိုင်းက ပြောင်းလဲသွားနိုင်ကြတာ သဘာဝပဲလေ