တရားရုံးကနေပီးဆေးရုံကို တန်းလာကြတာပေါ့ ကျန်တဲ့လေးယောက်ကတစ်ကား Ohm Flukeက တစ်ကားပေါ့ လမ်းရောက်တော့ ကားလမ်းဖက်ကြည့်နေတဲ့ Fluke လေးက Ohm မျက်လုံးထဲမှာ ကလေးလေတယောက်လို ဖစ်နေတာပေါ့ လမ်းဘက်ကိုကြည့်လိုက် Flukeကိုကြည့်လိုက် ကားမောင်းလိုက်နဲ့ Ohmတယောက်အလုပ်ရှုပ်နေတာပေါ့ ခဏနေတော့ ပေါင်ပေါ်တင်ထားတဲ့လက်ကလေးကို လှမ်းဆွဲလိုက်တယ် Flukeလေးက လန့်ပီးစကားစပြောလိုက်တာလည်း
Fluke -ဟာ ခင်ဗျားဒါဘာလုပ်တာလည်း
Ohm -လက်ကိုင်တာလေ😁
Fluke -သူများကိုနော် ပိုင်ဆိုးပိုင်နိုင်နဲ့ လာလာမထိနဲ့ နောက်တခေါက်ဆို သေမယ် ဟွန့်
Ohm -ဘာသူများလည်း မင်းလေးကကိုယ့်ရဲ့ တရားဝင်ယောက်ကျားဖစ်နေပီလေ ကိုယ်ထိချင်သလိုထိလို့ရတယ် မဟုဘူးလား
Fluke -မဟုဘူး မထိနဲ့
Ohm -စိတ်ကိုလျော့ပါ စိတ်တိုရင်ရုပ်ရင့် တက်တယ်နော်
Fluke -ရင့်ရင့် ဘာမပြောနဲ့
Ohm -ဟုပါပီစွာတေးလန်လေးရယ် ကိုယ့်မှာတော့ ခွဲခန်းထဲဝင်ရမှာမို့ ကြောက်နေပါတယ်ဆို အားပေးမယ်မရှိဘူး ရန်ရှာဖို့ပဲတက်တယ်
ဘာစကားမှမပြောပဲ လမ်းဘက်ကိုကြည့်ပီး နှုတ်ခမ်းလေးကိုထော်နေအောင် ဆူပုတ်နေတဲ့ သူ့Babyကို ဆွဲကိုက်လိုက်ချင်ပေမယ့်လို့ သေမယ်လို့ကြိမ်းထားတဲ့ သူ့ကလေးကြောင့် ပြုံးစိပြုံးနဲ့ကားပြန်မောင်းနေရတာပေါ့ (ကျမလည်း ပြုံးစိပြုံးစိပါပဲ😁😃)ဆူပုတ်နေတဲ့သူ့ Babyနဲ့ ပြုံးစိပြုံးစိနဲ့ မှိုရနေတဲ့ လူကြီးတို့ တလမ်းလုံးစကားမပြောပဲနဲ့ ဆေးရုံးကိုရောက်လာကြပါတယ်
ဆေးရုံရောက်တော့ 🕙လည်းထိုးပီးမို့ ခွဲစိတ်ဖို့ အသင့်ဖစ်နေတဲ့ Fluke Maeအခန်းထဲကို နှစ်ယောက်လုံး ဝင်သွားကြတယ် ခဏနေတော့ Ohmကို ဆရာဝန်က လာခေါ်သွားတယ် အခန်းထဲမှာ Fluke တို့တေပဲ ကျန်ခဲ့တယ်Fluke -Mae စိတ်ကိုအေးအေးထားနော် ဒါပီးရင်Mae သားတို့နဲ့ မကြာကြီးနေနိုင်တော့မှာနော်
Mae -အင်းပါ Maeအတွက် စိတ်မပူနဲ့နော် ခဏနေ သားOhmက ခွဲခန်းထဲဝင်ရတော့မှာ သူစီသွားအားပေးလိုက်ဦး
YOU ARE READING
အချစ်နိဒါန်း
Romanceအချစ်ဆိုတာကြီးကို တွေ့ရင်လူတိုင်းက ပြောင်းလဲသွားနိုင်ကြတာ သဘာဝပဲလေ