မနက်အိပ်ရာနိုးသည်နှင့် ချယ်အိပ်ရာဘေးမှာဖုန်းကိုရှာမိသည် ပြီးမှညကအားသွင်းထားမိတာကို သတိရသည် ညကလီလီပြန်ရောက်ရင်ဖုန်းဆက်မယ်ပြောပြီး မဆက်ခဲ့ဘူးပဲ ဒီကလေးတော့ ဆူရအောင်လည်းချယ်မှမဆူရက်ပဲလို့တွေးလိုက်ပြီး ဖုန်းအားသွင်းထားရာဆီလာခဲ့လိုက်သည်
ဖုန်းအားဖွင့်လိုက်တော့ထင်သည့်အတိုင်း ဖုန်းမခေါ်ထားပေ ချယ်ရေချိုးခန်းထဲဝင်ကာ သန့်ရှင်းရေးလုပ်ပြီးပြန်အထွက် ဖုန်းသံမြည်လာသည်မို့ လီလီ့ဆီကထင်ပြီးအပြေးသွားကာ ဖုန်းအားကြည့်လိုက်မှ လီလီ့အဖေဆီမှဖြစ်နေသည် ချယ်ကိုင်လိုက်ပြီး
C''ဟယ်လို အန်ကယ်
"လီလီလေးသမီးဆီမှာလား
လီလီ့အဖေစကားကြောင့်ချယ်အံ့သြသွားရသည် လီလီကအိမ်မှာမရှိဘူးလား
C''ရှင် သမီးဆီမှာမဟုတ်ဘူးအန်ကယ်
"အဲ့ဆိုသမီးလေးကဘယ်ရောက်နေတာလဲ အန်ကယ်ခရီးကခုမှပြန်ရောက်တာ ရောက်တော့မှ သမီးလေးကညထဲကမရှိတာမှန်းသိရတယ်
လီလီကအာ့လိုကလေးမှမဟုတ်တာ ချယ့်ရင်တစ်ခုလုံးလည်း စိုးရိမ်စိတ်တို့ကြောင့် ပူလောင်လာပြီ
"သမီးလေးဘယ်သူ့ဆီမှာလဲ ဘယ်သွားလဲရောသမီးသိလား
လီလီကဘယ်ရောက်နေတာလဲ ညကဟုတ်သည် မနေ့ညကဂျင်းနဲ့အပြင်သွားမယ်လို့ပြောခဲ့သည်
C''ဟိုလေ သမီးရှာကြည့်လိုက်ပါ့မယ် ဒါပဲနော်
"တွေ့ရင် အန်ကယ့်ဆီချက်ချင်းအကြောင်းကြားပေးပါနော်
C''ဟုတ်ကဲ့
ချယ်ဖုန်းချလိုက်ပြီး အခန်းထဲမှပြေးထွက်လာခဲ့မိသည် လီလီ လီလီဘယ်ရောက်နေခဲ့တာလဲ ဂျင်းနီဆီဖုန်းဆက်တော့လည်းမကိုင်
ချယ် ဘယ်သွားရှာရမှာလဲမသိ လီလီကအာ့လိုလျှောက်သွားတတ်သည့်မိန်းကလေးမဟုတ် တစ်ခုခုဖြစ်နေလို့သာ...ချယ်ကားကို ရဲစခန်းသို့ဦးတည်လိုက်သည် ရဲစခန်းထဲအပြေးတစ်ပိုင်းဝင်လာသည့်ချယ့်ကို အားလုံးကကြည့်နေကြသည်ကို ချယ်ဂရုမစိုက်နိုင် လီလီကသာအရေးကြီးသည် လီလီဘာမှမဖြစ်ဖို့သာ အရေးကြီးသည်
![](https://img.wattpad.com/cover/228330026-288-k310132.jpg)
YOU ARE READING
My Baby(chaelisa) Complete
Fanfictionစတွေ့ထဲက ခုန်နေတဲ့ဒီနှလုံးသားရဲ့ ပိုင်ရှင်မို့ ကိုယ်ပိုင်ဆိုင်ဖို့ ကြိုးစားရမာပေါ့ #chae အချစ်ဆိုတာ ဘာလဲ ရှင်နဲ့ရှိနေရင် ပျော်ရွှင်ရတာကြောင့် ရှင်က ကျွန်မချစ်ရသူလား #lisa ကိုယ်ရဲ့ အချစ်ဦးက မင်းမို့ ပိုင်ဆိုင်ပါရစေ tachi-rose&jennie neko-lisa