Ep(16)🌻

1.7K 170 35
                                    

ကားပေါ်မှာ ဂျင်းကသီချင်းသံကိုတိုးတိတ်စွာဖွင့်သည် ကားမှန်များချထားသည်မို့ လီလီ့ဆံနွယ်များက လေမှာလွင့်ပျံ့နေသည် လီလီအပြင်မထွက်ဖြစ်တာကြာပြီမို့ လေလေးတွေရဲ့လန်းဆန်းမှုကို အပြည့်အဝခံစားနေမိသည်

J''လီလီ ခုသွားမှာဂျင်းအိမ်ကိုနော်

L''ဟုတ်လား

J''အင်း အပြင်ကျလီလီအဆင်မပြေမှာစိုးလို့ လီလီကြိုက်တာတွေ ဂျင်းချက်ထားတယ်

L''အွန်း ဘာချက်ထားလဲ

J''အင်း...ဟိုရောက်မှ

လီလီကအသာရယ်သည် သွားလေးတွေပေါ်အောင်ရယ်တိုင်း ပါးလေးတွေကိုဆွဲဖဲ့ချင်လောက်အောင် ချစ်ဖို့ကောင်းနေသည်မို့ လက်ကိုလီလီ့ပါးလေးတွေဆီ လှမ်းပြီးကာမှ
သတိဝင်လာကာ ပြန်ရုတ်လိုက်ရသည်

ကားလေးကိုအသာအယာမောင်းနှင်နေရင်း ဂျင်းနေထိုင်ရာအိမ်သို့ရောက်လာပြီမို့

J''ရောက်ပြီလီလီ ခဏနော်

ဂျင်းကလီလီ့ဘက်တံခါးကိုဖွင့်ပေးပြီး လီလီ့လက်ကိုလာကိုင်သည်

J''လာ လီလီ ဖြေးဖြေးဆင်း

ဂျင်းခေါ်ရာနောက်လီလီလိုက်ပါလာခဲ့သည် လီလီ့ကိုခုံတစ်ခုမှာဂျင်းကထိုင်စေပြီး

J'' အအေးသောက်မလားလီလီ

L''ဟုတ်

သိပ်မကြာ လီလီ့လက်ထဲ အအေးခွက်တစ်ခွက်ရောက်လာသည်

J''ခဏနော် ဂျင်းပြင်လိုက်အုံးမယ်

လီလီခေါင်းညိမ့်ပြလိုက်သည် ဂျင်းတစ်ယောက်အလုပ်ရှုပ်နေသည်ထင်ပါရဲ့ ပန်းကန်သံတွေ လှီးဖြတ်နေသံတွေကိုလီလီကြားနေရသည် လက်ထဲကအအေးကိုပဲ သောက်နေရင်းဂျင်းအားစောင့်နေရာ ခဏအကြာ

J''အား ခုမှပဲပြီးတော့တယ်

ဂျင်းကလီလီ့ဘေးကခုံကိုဆွဲကာ ဝင်ထိုင်လိုက်ပုံရသည်

J''ဂျင်း ဘာချက်ထားလဲသိလား

L''ဟင့်အင်း

J''လီလီ့ကိုကျွေးမယ်နော် ပါးစပ်ဟ

လီလီလက်ထဲကခွက်အား ဂျင်းကိုပေးလိုက်သည် ဂျင်းပြောသည့်အတိုင်းပါးစပ်လေးဟပေးလိုက်တော့ ဂျင်းကခွံ့ကျွေးလာသည်

My Baby(chaelisa) CompleteWhere stories live. Discover now