Ep(4)🌻

2.6K 270 38
                                    

C''အား ခြေထောက်တွေကိုက်လိုက်တာ

ညောင်းကိုက်နေသောခြေထောက်တို့ကြောင့် ချယ်နဖူးပြင်ကိုစမ်းကြည့်လိုက်တော့ ကိုယ်ပူနေသည်ပဲ

အလုပ်မသွားဖို့လီလီ့ဆီဖုန်းဆက်လိုက်ရင်ကောင်းမလား စဥ်းစားမိပေမယ့် ဒီနေ့ကဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုထဲသွားရမည်မို့ မသွားလို့ကမဖြစ် လီလီတစ်ယောက်ထဲသွားဖို့လည်းစိတ်ကမချသည်မို့ အိပ်ရာမှထလိုက်ကာ လုပ်စရာရှိသည်များလုပ်ပြီး ဆေးသောက်၍အလုပ်လာခဲ့လိုက်သည်

ချယ်ရောက်တော့ထုံးစံအတိုင်းလီလီကရောက်မလာသေး ချယ်စောင့်နေရင်းအတော်ကြာတော့ လီလီဝင်လာပြီး

L''ချယ် နေမကောင်းဘူးလား အနွေးထည်ကြီးနဲ့

C''အင်း နည်းနည်းနေမကောင်းချင်လို့

L''ဟုတ်လား အင်းခုတော့မပူတော့ပါဘူး

လီလီကချယ့်နဖူးလေးကို လက်ဖြင့်စမ်းကာပြောသည်မို့ ချယ်စမ်းကြည့်လိုက်တော့လည်း ဟုတ်သည် ကိုယ်မပူတော့ ချယ်အနွေးထည်ကိုချွတ်လိုက်ပြီး

C'' ဒီနေ့ siteထဲသွားရမယ်နော်

L''ဟုတ်

C''သွားတော့မလား

L''သွားမယ်လေခုမှရောက်တာကို နေပါအုံးလီလီဘာမှမစားခဲ့ရဘူးရှင့်

C''လုပ်ပြန်ပြီ ကော်ဖီသောက်

တွေ့လား ဒီမိန်းကလေးကချယ်ရှိနေမှရမှာ
ဒါကြောင့်လည်းချယ်နေမကောင်းဖြစ်ရင်တောင် ဘယ်တော့မှခွင့်မယူ ဒီမိန်းကလေးကိုစိတ်မချ၍သာ..

လီလီလည်းအမြဲနေ့တိုင်းချယ်ဝယ်လာပေးသော ကော်ဖီကိုသောက်နေတုန်း လီလီရှေ့ကိုမုန့်တစ်ထုပ်ကိုင်ကာ ရောက်လာသောချယ်

C''ဆောင်ထားတာ လီလီကမနက်စာမစားလာရင် အဆင်ပြေအောင်လို့

L''အာ့ကြောင့်ချစ်တာ

C''ဂရုစိုက်ခံရတာတော့ အတော်ကြိုက်တာနော်

L''ဟီး ကြိုက်တာပေါ့

ချယ်လက်ထဲကမုန့်ကိုဖဲ့ကာ လီလီ့ကိုခွံ့ကျွေးလိုက်သည် လီလီကချယ်ခွံ့ကျွေးသည်ကိုတစ်လှည့် ကော်ဖီကိုတစ်လှည့်သောက်နေရင်း

My Baby(chaelisa) CompleteWhere stories live. Discover now