လီလီ့ကိုချုပ်ပြီးနမ်းနေသောဂျင်းက တစ်ကယ်ကိုကြောက်ဖို့ကောင်းသည် လီလီမရုန်းနိုင်ဖြစ်နေတာမို့ မျက်ရည်များကပါးပြင်ပေါ် ကူကယ်ရာမဲ့ ကျဆင်းလာခဲ့တော့သည်ဂျင်းကလီလီ့လည်ပင်းတွေကို နမ်းနေပြန်သည် ဒီအတိုင်းနမ်းခြင်းမျိုးမဟုတ်ပဲ စုပ်ကာနမ်းနေသည်မို့ လီလီ့လည်တိုင်မှာနာကျင်မှုကို ခံစားနေရသည်
L''တော်ပါတော့ လီလီဂျင်းကိုမမုန်းချင်ဘူးနော် တော်ပါတော့ကျေးဇူးပြုပြီး
လီလီပြောနေပေမယ့် ဂျင်းရဲ့လှုပ်ရှားမှုများဟာရပ်တန့်မသွားခဲ့
L''အဟင့် ဟင့် ချယ် ချယ်......
လီလီ့လည်တိုင်ကိုနမ်းနေသောဂျင်းရဲ့လှုပ်ရှားမှုက တဖြည်းဖြည်းဖြေးညင်းလာပြီး နောက်ဆုံးမှာရပ်တန့်သွားခဲ့သည် ပြီးလီလီ့မျက်နှာကိုလက်နှင့်ပွတ်လာသည်မို့ လီလီ့မျက်နှာကိုဘေးသို့စောင်းလိုက်သည်
ဂျင်းကတိုးညင်းသောအသံဖြင့်
J''ဘာလို့ငိုနေရတာလဲလီလီရယ် လီလီငိုမယ်လို့ကြိုမှန်းထားပေမယ့် ဂျင်းခံနိုင်မယ်ထင်ထားခဲ့တာ တစ်ကယ်တမ်းလီလီငိုလာတော့ ဂျင်းဆက်မလုပ်နိုင်တော့ဘူး
ချစ်ရသူရဲ့မျက်ရည်တွေကို မြင်တွေ့ရတာနာကျင်ရမယ်မှန်းသိပေမယ့် ဒီလောက်နာကျင်ရမယ်မှန်းတော့ ဂျင်းထင်မှတ်မထားခဲ့တာအမှန်..
ဂျင်းကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်မိသည် တောင်းပန်ချင်သည်ထက် မတ်တပ်ရပ်ဖို့အားအင်မရှိတော့တာကပိုနေကြောင်းကိုတော့ ဂျင်းကလွဲအခြားသူသိပုံမပေါ်..
J''တောင်းပန်ပါတယ်လီလီ
လီလီဘာမှပြန်မပြောမိ ဂျင်းကလည်းဒူးထောက်ရက်သားအတိုင်း ဘာစကားမှထပ်မပြောခဲ့ အတော်ကြာမှ
J''ဂျင်းကိုခွင့်လွှတ်ပေးပါနော် လီလီ့ကိုပြန်ပို့ပေးပါ့မယ်
L''အင်း ကျေးဇူးပါဂျင်း လီလီတစ်ကယ်ဂျင်းကိုမုန်းမိတော့မလို့
J''တောင်းပန်ပါတယ်
တောင်းပန်နေပေမယ့် ဂျင်းရင်ထဲမှာဘယ်လောက်စုတ်ပြတ်သတ်နေလဲ လီလီသိရဲ့လား
YOU ARE READING
My Baby(chaelisa) Complete
Fanfikceစတွေ့ထဲက ခုန်နေတဲ့ဒီနှလုံးသားရဲ့ ပိုင်ရှင်မို့ ကိုယ်ပိုင်ဆိုင်ဖို့ ကြိုးစားရမာပေါ့ #chae အချစ်ဆိုတာ ဘာလဲ ရှင်နဲ့ရှိနေရင် ပျော်ရွှင်ရတာကြောင့် ရှင်က ကျွန်မချစ်ရသူလား #lisa ကိုယ်ရဲ့ အချစ်ဦးက မင်းမို့ ပိုင်ဆိုင်ပါရစေ tachi-rose&jennie neko-lisa