5

2.1K 141 6
                                    

လွန်ခဲ့သော ငါးနှစ်က .......................................

ပေကျင်းရဲ့ နာမည်ကြီး ကျောင်းတစ်ကျောင်း ထိုကျောင်းကို
မျက်နှာ ခပ်တည်တည်နှင့် ကောင်လေးနှစ်ယောက် ထိုကောင်
လေးတွေက ရုပ်ချောကြသလို စာလည်းတော်တော့ မိန်းကလေးတွေရဲ့ အသည်းကျော်ပေါ့

"ရီပေါ် မင်း အတန်းတက်မှာလား"
"အင်း"
"အော်....ဆယ်ဟွန်း မင်းရော"
"တက်မှာ"
"ဟာ မင်းတို့ကောင်တွေနဲ့နေရတာ အရုပ်တွေနဲ့‌ နေနေရတဲ့အတိုင်းပဲ"

ရှင်းကျန့် တစ်ယောက် ခေါင်းကိုကုပ်နေသော်လည်း ထိုရေခဲရိုက်မျက်နှာနဲ့နှစ်ယောက်က Gameကိုသာ ဆော့နေ
ကြလေသည်

"သွားမယ်"
"အင်း. "
"ဟာ....ဟေ့ ငါကိုစောင့်အုံးလေ"

ရှင်းကျန့်တစ်ယောက် သူတို့နဲ့ပေါင်းရသည်မှာ တောတော်ရူး
ချင်နေလေပီ  အခန်းထဲသို့ရောက်သော.............................

"ကဲ မင်္ဂလာပါ မင်းတို့ကို သူငယ်ချင်းတစ်ယောက်တစ်
ယောက်နဲ့ မိတ်ဆက်ပေးမယ်  လာ.....သား"

အတန်းထဲသို့ကောင်လေးတစ်ယောက် ဝင်လာလေသည်
ထိုကောင်လေးဝင်လာတော့

"ဟယ် ချစ်စရာလေး"
"ကလေးလေးလား ဆရာမ အခန်းမှား‌ခေါ်လာတာလား"
"ဟား ဟား မဟုတ်ပါဘူးကလေးတို့ရယ် သား သူငယ်ချင်းတွေကိုနှုတ်ဆက်လိုက်အုံး"

လုဟန် ဆရာမကိုပြုံးပြလိုက်ပီး

"ငါ့နာမည် ရှောင်လုဟန်ပါ အားလုံးနဲ့ ခင်ချင်ပါတယ်"
"ကဲ သား နေရာလွတ်မှာထိုင်လိုက်နော်"
"ဟုတ်ကဲ့........"

"ဟေ့ ဟေ့ "

လုဟန် အသံလာရာကို ကြည့်လိုက်တော့ သူ့ကိုခေါ်နေသည့်
လူတစ်ယောက်

"လာ.....ဒီမှာထိုင် ငါ့နာမည် ရှင်းကျန့် "
"အော် အေး ငါကလုဟန် "
"သူတို့က ရီပေါ် သူက ဆယ်ဟွန်း"

ရှင်းကျန့်ကသာ ဟိုနှစ်ယောက်ကို လုဟန်နှင့် မိတ်ဆက်ပေး
နေသောလည်း နှစ်ယောက်ကတော့ gameဆော့မပြတ်
ထိုအခါ မိန်းကလေးများမှ

"လုဟန် နင်လာလိုက်တာ ငါတို့အခန်းက လူတိုင်းအားကျတော့မှာသိလား"
"ဟင် ဘာလို့လဲ"

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်Where stories live. Discover now