4

2.1K 173 6
                                    

"ဝမ်ရီပေါ်......"

အသံကြားတာနဲ့ ဝမ်ကတော်တို့ စိတ်တိုနေပီဆိုတာ သိလိုက်ပါပီ

"မင်း ရှောင်ကျန့်လေးကို ကျောင်းမှာဂရုမစိုက်ဘူးမလား"
"မား သူက ယောက်ျားလေးတစ်ယောက်ပါမားရာ"
"ယောက်ျားလေးနေနေ မိန်းကလေးနေနေ မင်း ရှောင်ကျန်
လေးကို ဂရုစိုက်ဖို့ငါပြောထားတယ်လေ"
"ခု ဘာဖြစ်လာလို့လဲ ကဲ"
"ဖြစ်တယ် ကလေးနေမကောင်းဘူး မင်းသိလား"
"ဆေးတိုက်လိုက်ပေါ့မားရာ........"

ရီပေါ်တစ်ယောက် အသံရှည်ကာပြောရင်း သူ့အခန်းရှိရာသို့
သွားလေသည် ဘေးကအခန်းလွတ်က တံခါးပွင့်နေသည်မို့
မျက်လုံးက ထိုအခန်းသို့ရောက်သွားလေသည် အခန်းထဲမှာတော့ ကွေးကွေးလေး အိပ်ပျော်နေသော
ကောင်လေးတစ်ယောက်......................................

သူကိုယ်တိုင်တောင်မသိပါပဲ ထိုအခန်းထဲရောက်သွားလေ
သည်။

"ရှောင်ကျန့်......"

ယုန်ပေါက်လေးကတော့ အိပ်ပျော်နေလေသည် ရှောင်ကျန်အိပ်နေသော ကုတင်ပေါ်သို့ ထိုင်လိုက်ပီး
‌ရှောင်ကျန်၏ နဖူးမှ ဆံစများကို သပ်တင်ပေးကာ

"မင်းကအိပ်နေရင်ချစ်ဖို့ကောင်းလွန်းတယ် ရှောင်ကျန့်ရယ်
မင်းငါ့ကို အကိုတစ်ယောက်ထက်ပိုတာငါသိပါတယ်
ဒါပေမယ့် ငါချစ်တာက အားချင်လေ ပီးတော့ မဖြစ်နိုင်ပါဘူး
ကလေးရယ်"

ရှောင်ကျန်ကတော့ ဆေးအရှိန်နဲ့ အိပ်ပျော်နေ‌သည်။သူနိုးလာတော့ ညရောက်နေလေပီ သူ့နားထဲ သူ့မားအသံပါ
ကြားရတာကြောင့် သူအိပ်နေရာမှ ထလာခဲ့တော့သည်

"ရှောင်မား ကျမတော့ သားကျန့်လေးကို ဆေးစစ်စေချင်တယ် ခုတလော ခေါင်းကိုက်တာစိပ်လာသ
လားလို့"
"မား......"
"အော် သား နိုးပီလား"
"ဟုတ် ဝမ်မား...."
"ရီပေါ် သားရော စားပီးပီလား"
"ဟုတ် ရှောင်မား ရှောင်ကျန့် မင်း‌နောက်တခါ နေမကောင်း
ရင် ကိုကို့ ကိုလာပြော"
"ဟုတ် ကိုကို "
"သား ကျန့်ကျန့် သားဆေးလေးစစ်ကြည့်ပါ့လား"
"ဟင်......သား နေ‌ကောင်းပါတယ်မားရဲ့ ဘာလို့လဲဟင်"
"ဟုတ်တယ်သား ဝမ်မားမား ပြောတာ မားလည်းသဘောကျတယ်"
"ဟုတ်မား သားစစ်လိုက်ပါ့မယ်"
"မနက်ဖြန်သွားစစ်ရအောင်နော်"
"ဟုတ်မား......."
"ကဲ မားတို့လည်းပြန်ရအောင် "
"ဟုတ်......ဝမ်မားမား ကိုကို ကျွန်တော်ပြန်ပီနော်"
"အေးသားလေး."
"အင်း"

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်Tahanan ng mga kuwento. Tumuklas ngayon