8

2.1K 148 20
                                    

"တကယ်တော့ အန်တီ ကျန့်လေးမှာ Brain Tumer
လို့ခေါ်တဲ့ ဦးနှောက်မှာ အကျိတ်ရှိတဲ့ရောဂါ ဖြစ်နေတာ"
"ဗျာ......"
"ဟင်.... ဒါ ဒါဆို ကုလို့ရလားဟင် ဒေါက်တာ"
"ဟုတ် ရပါတယ် အကျိတ်က တဖြည်းဖြည်းနဲ့ 1cmလောက် ဖြစ်နေပီ ဒီထက်ပိုကြီးလာဖို့ပဲ ရှိတယ် အန်တီ"
"ဒါဆို ညီလေးရဲ့ရောဂါက ခွဲရမှာပေါ့နော်"
"ဟုတ်တယ် ခွဲရမှာ ဖြစ်နိုင်ရင် မြန်လေကောင်းလေပဲ"
"တကယ်လို့ မခွဲရင်ရော ဆရာ "
"မခွဲရင် အဲ့ဒီအကျိတ်က တဖြည်းဖြည်း ကြီးလာမယ် ပီး‌တော့ ဦးနှောက်တစ်ခုလုံးကို အကျိတ်ကလွှမ်းမိုးသွားပီး
တော့ လူ့အသက်ပါ သေနိုင်တယ်"
"ခွဲရင်ရော"
"ခွဲမယ်ဆိုရင် အသက်တော့ မသေတော့ဘူး ဒါပေမယ့် ဦးနှောက်ကိုခွဲတာဖြစ်တဲ့အတွက် အတိတ်မေ့သွားနိုင်တယ်
တချို့ကတော့ ကြာလာရင် ဒါမှမဟုတ် တိုက်ဆိုင်တဲ့နေရာ
တစ်နေရာ တစ်ခုခုကို မြင်ပီး အတိတ်ကို ပြန်သတိရလာတတ်တယ် တစ်ချို့ကြတော့ လုံးဝမေ့ပီ တခြားတစ်ယောက်လို ဖြစ်သွားတတ်တယ် "
"ဟုတ်လား ဆရာ ဒါဆို ကျွန်တော်တို့အားကျန့်လေး အတွက်ခွဲရင် အခြေအနေကောင်းတယ်ပေါ့နော်"
"ဟုတ်ပါတယ် "
"မား....ဒေါက်တာပြောတာကြားလား မား မငိုနဲ့ အားကျန့်လေးကို မကြာခင်ခွဲစိတ်ပီး နေပြန်ကောင်းလုပ်ရ
အောင်"

ရှောင်မားမားကတော့ သူ့သားငယ်လေးအတွက်စိတ်မကောင်း
ဖြစ်နေလေရဲ့ ရှောင်လုဟန်လည်း သူ့ညီငယ်လေးကို အားလုံးပြောပြလိုက်တော့

"လုဟန်ကော......သားကို တစ်လလောက် အချိန်ပေးပါ တစ်လ ဟုတ်တယ် တစ်လပါပဲနော်"
"အားကျန့် မင်းအချိန်မဆွဲပါနဲ့လား"
"သားလုပ်စရာလေးရှိလို့ပါ ရှင်းကျန့်ကော"
"ဘာလဲ ဘယ်သူ့အတွက်လဲ မင်းအပိုတွေလုပ်မနေနဲ့ အားကျန့်"

တကယ်ပါ ရှောင်လုဟန် ဒေါသထွက်မိလေပီ ညီငယ်က သူ့အသက်ထက် တခြားအရာကို အာရုံစိုက်နေလေသည်
ထိုဒေါသက ကရုဏာဒေါသ ချစ်လို့ထွက်တဲ့ ဒေါသရယ်ပါ

"သားကြီး......"
"လုဟန်......"
"မားတို့ သားငယ်လေးကို အချိန်ပေးလိုက်ရအောင် သူ့အတွက် ကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးခွင့်ပေးလိုက်ရအောင် နော် သားကြီး တစ်လတည်းပဲသားရယ်"
"ဟုတ်တယ် လုဟန် ငါလည်း အန်တီအတွေးနဲ့တူတယ်"
"Ok တစ်လပဲနော် တစ်လပီးရင်တော့ ခွဲစိတ်ရမယ်"
"ဟုတ်ကဲ့"

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်Where stories live. Discover now