6

2K 128 6
                                    

အချိန်တစ်ခုအထိ သူတို့နှစ်ယောက် ပျော်ရွှင်ခဲ့ကြတယ် စားအတူ သွားအတူ လာအတူရယ်ပေါ့ ဆယ်ဟွန်းနဲ့ လုဟန်ဆိုတာ ခွဲထားလို့မရဘူးဆိုသည်အထိ အများကိုမြင်စေခဲ့တယ် သို့သော် အချိန်တစ်ခုအကြာမှာတော့
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပျက်ဆီးစေမယ့် အကြောင်းတရားတစ်ခု စတင်လာခဲ့လေတယ်။
ဆယ်ဟွန်းတစ်ယောက်လည်း လုဟန်ကိုအကြောင်းမရှိ အကြောင်းရှာကာ ရှောင်ဖယ်လာခဲ့သည်။

"ရှင်းကျန့် ဟွန်းကဘာဖြစ်တာလဲ"
"ဘာလို့လဲ"
"မသိဘူး ငါ့ကိုရှောင်နေသလိုပဲ"
"အော်.......သူ့အိမ်မှာ မိသားစု ပြသနာလေးအနည်းငယ်ရှိ
တယ်လို့တော့ ငါကြားတယ်"
"အော်......."

ဒီလိုရှောင်‌ရင်းနဲ့ တစ်ရက်မှာပေါ့ လုဟန်တစ်ယောက် စာကျက်ရင်းညောင်း၍လမ်းလျှောက်ထွက်လာခဲ့ရင်း
တစ်နေရာအရောက်မှာ သူ့နှလုံးသားတစ်ခုလုံး ကြေမွသကဲ့သို့ ခံစားလိုက်ရသော မြင်ကွင်း........................................

ထိုမြင်ကွင်းက သူသိပ်ချစ်ရသော ဆယ်ဟွန်းက သူမဟုတ်တဲ့ တခြားသူတစ်ယောက် မဟုတ်ဘူး မိန်းကလေးတစ်ယောက်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။
လုဟန်သိလိုက်ပါပီ...............

မနက်ကျောင်းရောက်တော့
ယူ
"ဆယ်ဟွန်း မင်းကောင်မလေးနဲ့ မိတ်ဆက်ပေးဖို့လိုပီထင်
တယ်နော်"

ရှင်းကျန့်ရော ရီပေါ်ရောပါ အံဩရလေသည် ထို့အပြင် ဆယ်ဟွန်းတစ်ယောက်ရောပေါ့။ ဘာကြောင့်လဲဆိုတော့ ထိုသို့ မေးလိုက်သူက ရှောင်လုဟန် ကိုယ်တိုင် ဖြစ်နေတာကြောင့်ရယ်ပေါ့

"ဘာ ဆယ်ဟွန်းမှာ ကောင်မလေးရှိတယ် ဟုတ်လား"
"အိုဆယ်ဟွန်း မင်း......"
"ဟုတ်တယ် ရှင်းကျန့် သူ့မှာ အရမ်းလှတဲ့ကောင်မလေး ရှိတယ်"
"လုဟန် မင်းဘယ်လိုသိလဲ"
"ဟားဟားဟား ဆယ်ဟွန်းရယ် မင်းနဲ့ငါက အရမ်းရင်းနှိးခဲ့တဲ့ သူငယ်ချင်းတွေလေ"

ရှင်းကျန့်တစ်ယောက် လုဟန်ကိုကြည့်ရင်းသနားလာလေ
သည် လုဟန်ရဲ့ မျက်လုံးမှာ မျက်ရည်လေးများဝိုင်းနေသည် သူ့ရင်ထဲဘယ်လောက်ခံစားရပီ ဘယ်လောက် ခံစားရမည်ဆိုတာ သူမပြောနှင့် ဘေးကလူဖြစ်သော ရှင်းကျန့် တစ်ယောက် ကောင်းကောင်းနားလည်ပါသည်။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်Where stories live. Discover now