Ep 1 (Unicode)

885 32 3
                                    

အမြဲလိုလို မိုးရွာနေတဲ့ရာသီဥတုလေးက ဒီနေ့ အဖို့ ကိုယ့်ဘက်မှာရှိနေသလား အောက်မေ့ရအောင် အရမ်းကိုသာယာလွန်းတာကြောင့် Gun
အရမ်းပျော်နေမိတယ်။

"ဒီနေ့လို နေ့လေးမှာ ရာသီဥတုလေး
သာသာယာယာရှိပေးလို့ မိုးနတ်မင်းကြီးကိုကျေးဇူးတင်ပါတယ်..." Gun
တစ်ယောက်တည်း ပြောလိုက်ရင်း ဒီနေ့
ချိန်းထားတာအတွက်ဝတ်ဖို့ အဝတ်အစားကို
ရွေးနေလိုက်တယ်။

ဒီနေ့တော့ရိုးရိုးရှင်းရှင်းလေးပဲ အကျီအမဲလေးနဲ့
လိုက်ဖက်မယ့် ဂျင်းပြာလေးကို
ဝတ်ဆင်လိုက်သည်။

ဒေါက်...ဒေါက်...ဒေါက်...

"သား Gun အောက်မှာ ကလေးစောင့်နေရတာကြာပြီနော်။ မြန်မြန်လုပ်နော်"

" ဟုတ်ကဲ့ပါ Mae ရယ်...အခုပြီးပါပြီ.."
ပြောကာအခန်းထဲမှထွက်လာလိုက်တယ်။

"ဟာ...... ငါ့သားလေးက ချောလိုက်တကွယ်...ဘယ်သူနဲ့တူလို့ ဒီလောက်တောင်
ချောရတာလဲ.."

" မသိဘူးလေ Mae hehe လောလောဆယ်တော့
သားချောရတာကိုပင်ပန်းနေပြီ " Mae ပခုံးကို
မှီကာ စနောက်ပြီး ပြောလိုက်သည်။

" ဒီကလေးကတော့လေ... ကဲ မြန်မြန်အောက်ကိုသွားတော့ဟိုမှာ ကလေးကစောင့်ရတာ
ကြာနေပါပြီဆို"

" Krab.... " Gun တစ်ယောက်
အောက်ထပ်သို့ မြန်မြန်ပြေးဆင်းသွားသည်ကို
ကြည့်ပြီး Gun
ရဲ့မိခင်ဖြစ်သူကတော့
အတွေးတစ်ခုဝင်လာမိသည်။

သူမရဲ့သားလေး က ဖခင်ဖြစ်သူ ဆုံးသွား
ကတည်း​က ကုမ္ပဏီကိုသာ အာရုံစိုက်နေရပြီး
ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီအလုပ်တွေနဲ့သာ
လုံးလည်ချာလည်လိုက်နေတာနဲ့ ကိုယ့်အတွက်
ကိုယ်တောင် အချ်ိန်တောင်မပေးနိုင်ခဲ့ရှာဘူး။

အခုတော့ ဒီကလေးလေး သူ့သားဘဝထဲရောက်လာမှာသာ ကုမ္ပဏီအတွက်ရော သားလေးအတွက်ပါ ကောင်းကျိုးတွေ၊ ပျော်ရွှင်မှုတွေရလာစေခဲ့တယ်။
သားလေးကလည်း အခုမှသာ လူငယ်ပီပီပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်နေလာမိတာကို
တွေ့ရလို့ ဝမ်းသာမိသည်။

***************
" P'Gun ဖြေးဖြေးဆင်းလာပါ။ချောလဲဦးမယ်"

Gun တစ်ယောက် ပြုံးကာ သူ့ကို သတိပေးတဲ့ကောင်လေးဆီ သွားလိုက်သည်။

Chance Where stories live. Discover now