{အခန်းထဲ၌}
" Siwat သား... မင်းတော်တယ်။ ဒီအတိုင်းပဲ
ဆက်သွား။ ဒီကောင်လေးက အရင်ကတည်းက
သူ့အဖေ သွေးနဲ့ချွေးနဲ့တည်ထောင်ထားတဲ့ကုမ္ပဏီဆိုတော့ဘယ်သူနဲ့မှ ပူးပေါင်းတာမဟုတ်ဘူး။အခု သားကိုချစ်လို့သာ အဖေတို့ ကုမ္ပဏီ နဲ့ ပူးပေါင်း လာတာ။ အဲ့တာကြောင့်သားကပဲ ခဏသည်းခံဦးနော်။ အဖေတို့က အောင်မြင်နေတယ်ဆိုပေမယ့်လည်း သူတို့ထက် ပိုသာ မှ
ဖြစ်မယ်။
အကုန်အဆင်ပြေတဲ့နေ့ကျရင် ဒီလို
ဟန်ဆောင်ချစ်ပြရတာရော၊ ဒီကောင်လေးကိုရော
မလိုတော့ပါဘူးကွာ။
အဲ့ကျ ငါ့ သား ကြိုက်တာသာလုပ်တော့
ဟုတ်ပြီလား။ အခုတော့ မချစ်သော်လည်း
အောင့်ကာနမ်းဆိုတဲ့စကားပုံလိုပေါ့ကွာ။
ဟားဟားဟား"" Krab အဖေ့ကို စိတ်မပျက်စေရပါဘူး။ "
" အေးအေး ဒါဆိုအဖေလည်း အစည်းအဝေးတစ်ခု ခဏနေလုပ်ရတော့မှာဆိုတော့ ပြန်တော့မယ်"
" Krab " Siwat ကအဖေဖြစ်သူကို လိုက်ပို့တော့မယ်လုပ်တဲ့အခါ တံခါးဝမှာ သူတို့ကို မျက်ရည်တွေနဲ့ ရပ်ကြည့်နေတဲ့ Gunကို မြင်လိုက်ရတာ
ကြောင့်အရမ်းလန့်သွားမိတယ်။" P'Gun!!!!!!! "
Siwat ခေါ်နေသော်လည်း Gun က နေရာကနေ ထွက်ပြေးသွားပြီဖြစ်တယ်။
---------------
" P'Gun !!!"Siwat လည်း အနောက်ကနေဆက်တိုက် Gun ရဲ့နာမည်ကိုခေါ်ကာ လိုက်နေပြီး
ခဏအကြာမှာတော့ Gun ကို မှီသွားတယ်။
ဝန်ထမ်းတွေဝိုင်းကြည့်နေတာလည်း
သူဂရုမစိုက်နိုင်တော့ဘူး။Gun ရဲ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ကာ
လူသူရှင်းတဲ့ အရေးပေါ်လှေကားနားကို ဆွဲခေါ်
လာခဲ့တယ်။Gun ကတော့ Siwat ကို
ကြည့်လည်း မကြည့်သလို ဘာစကားမှလည်း
မပြောဘဲ ခေါင်းပဲငုံ့ထားနေတယ်။ခေါင်းငုံ့ထားပေမယ့်လည်း မျက်ရည်တွေ
ကျနေတာကိုတော့ ဖုံးကွယ်ထားလို့မရခဲ့ပါဘူး။"P'Gun .....ကျွန်....ကျွန်တော်.......အယ်....
ကျွန်တော်.... ပြောတာလေးနာထောင်ပေးပါ...."Gun က ဘာမှပြန်မတုံ့ပြန်ပဲ ထွက်သွားဖို့ လုပ်သော်လည်း Siwat က ထပ်ပြီး ထွက်သွားလို့
မရအောင် လက်ကိုအတင်းဆွဲကိုင်ထားလိုက်တယ်။