Siwat တစ်ယောက် မနေ့ညကတည်းက
လုံးဝ အိပ်ပျော်လို့မရဖြစ်နေခဲ့တယ်။P'Gun ဆီဖုန်းဆက်ပြီး ဖြစ်ခဲ့တာတွေကို
ရှင်းပြတာထက် တောင်းပန်ချင်ခဲ့တယ်။ဖုန်းဆက်ဖို့ကလည်း P'Gun ဖုန်း သူ့ကားထဲမှာ ရှိနေတာကြောင့် မဆက်ခဲ့ရပြန်ဘူး။
ချက်ချင်းသွားတွေ့ပြီး တောင်းပန်ဖို့ကလည်းသူအခုချိန် သွားတွေ့လည်း သူ့ကို အစ်ကိုက ဘယ်လိုနည်းနဲ့မှ အတွေ့ခံမှာမဟုတ်ဘူးဆိုတာ နားလည်တာကြောင့်
သွားမတွေ့ ခဲ့ဖြစ်ဘူး။ဒီနေ့တော့ သူဘယ်လိုမှ မနေနိုင်တော့ဘူး။
အဲ့ဒါကြောင့်P'Gun ဆီ သွားတွေ့ဖို့
ဆုံးဖြတ်ချက်ချလိုက်တယ်။
*************P'Gun အိမ်အရှေ့ရောက်တော့ ခြံတံခါးလည်း ပိတ်ထားတာတွေ့ရတော့ဘာလုပ်ရမှန်း
မသိဖြစ်နေတုန်း သူ့ပခုံးပေါ် ရုတ်တရက်
တင်လာတဲ့လက်တစ်စုံကြောင့် လန့်သွားမိသည်။" အော် Sawadee krab Mae" Siwat က
သူ့ပခုံးအပေါ် တင်ထားတဲ့ လက်ပိုင်ရှင်က P'Gun ရဲ့အမေဖြစ်နေတာကြောင့် လက်အုပ်ချီကာ
နှုတ်ဆက်လိုက်တယ်။" သား Siwat ~ ဘာလာလုပ်တာလဲ ။
မင်းအစ်ကိုလည်းမရှိပဲနဲ့။ "" ဗျာ.... P'Gun မရှိတော့ဘူးဟုတ်လား။
P'Gun ဘယ်ကိုသွားတာလဲဗျ။ "Siwat က P'Gun မရှိတော့ဘူးဆိုတဲ့စကားကြောင့် ကြောင်သွားတယ်။
" ဟင်... Gun က သားကိုမပြောသွားဘူးလား...သူဒီနေ့ မနက် လေယာဉ်နဲ့ပဲ အမေရိကားကို ထွက်သွား......
Mae က ပြောရင်း နဲ့ ဒီ ကလေးနှစ်ယောက်အကြား မသင်္ကာစရာတွေရှိနေတယ်ဆိုတာ
သဘောပေါက်လိုက်တာကြောင့်...." သား အိမ်ထဲဝင်ထိုင်ပါဦးလား။ အန်တီလည်း သားနဲ့ အေးအေးဆေးဆေးစကားပြောချင်လို့ " Mae က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
***********
Mae က Siwat အတွက်ရေခွက်တစ်ခွက်ချပေးကာအရှေ့မှာ ထိုင်လိုက်တယ်။" အန်တီ.... P'Gun က ဘယ်ကို ရုတ်တရက်ကြီးထွက်သွားရတာလဲ..."
" သား Siwat ~~ သားကို ပြန်မဖြေခင် အန်တီတစ်ခုမေးချင်တယ်။ အန်တီ သားတို့နှစ်ယောက်ကြား ဘာတွေ ဖြစ်ခဲ့လဲဆိုတာသိလို့ရမလား?
အန်တီက ပုံမှန်ဆို လူငယ်တွေ ကိစ္စ
သူတို့ဘာသာ ရှင်းဆိုပြီး လွှတ်ထားပေးမယ့်
ဒီတစ်ခေါက်ကိစ္စက ပုံမှန်ရန်ဖြစ်၊ စိတ်ကောက်တာ
နဲ့မတူဘူးလို့ထင်တယ်" Mae က Siwat ရဲ့စကားကို
ဖြတ်ပြောလိုက်တယ်။