(Part-4)Z

2.3K 86 0
                                    

"သူတော့သူပဲ ဒါ​ပေမယ့်​သူမဟုတ်​ပါ ..."

ဒီ​နေ့ joy ကို​တွေ့ဖို့ Denniel​ဆေးရုံသို့​ရောက်​လာခဲ့၏။ joy ရဲ့အခန်းကိုမသွားခင်​သူ့ဒက်​ဒီနှင့်အရင်​သွား​တွေ့ဖြစ်​သည်​။
joy ရဲ့ကျန်းမာ​ရေးအ​ခြေအ​နေကို ဒက်​ဒီ့အား Denniel​မေးကြည့်​မိ​တော့ ...

"အင်း​မိန်း​ခ​လေးရဲ့အ​ခြေအ​နေက​ကောင်းပါတယ်​တစ်​ခုပဲ သူ့မှတ်​ဥာဏ်​တစ်​ချို့​ပျောက်​ဆုံး​နေတယ်​လို့​ပြောတယ်​ဒါ​ပေမယ့်​အဲ့ဒါဘယ်​လိုမှတ်​ဥာဏ်​တွေလဲဆိုတာ​တော့ သူမ​ပြောဘူး ...
သားသူငယ်​ချင်း စိတ်​ပညာကျွမ်းကျင်​ဆရာဝန်​လေးနဲ့​ဆွေး​နွေးဖို့ လုပ်​တယ်​ဆို ...
အ​ခြေအ​နေက​ရော...
သူဘာ​ပြောလဲ ... "

"ဟုတ်​တယ်​ဒက်​ဒီ ကျွန်​တော်​လဲ Mark ကို​မေးတယ်​ဒါ​ပေမယ့်​လူနာရဲ့ personal ဖြစ်​လို့​ပြောလို့မရဘူးတဲ့ ...
မှတ်​ဥာဏ်​တြွေပန်​သတိရလာ​အောင်​ကုသမှု​ဆွေး​နွေးမှုအပြင်​အချိန်​အနည်းနည်း​လောက်​လိုလိမ့်​မယ်ပြောတယ်... "

"ဒါဆို သားDenniel တို့က ဒီမိန်းခ​လေးကို ဘယ်​လိုဆက်​လုပ်​ဖို့ စဉ်းစားထားလဲ ... "

"အခု​လော​လောဆယ်​သူဘာမှမ​တောင်းဆို​သေးဘူး ...
ကျွန်​တော်​တို့ဘက်​က​တော့ သူ​တောင်းဆိုတဲ့ အတိုင်း လိုက်​လျော​ပေးဖို့ စဉ်းစားထား ပါတယ်​ဒက်​ဒီ ... "

"ဒက်​ဒီလဲ သူ့ကို​ဆေးရုံကလူ​တွေ​မေးရင်​သားရဲ့အသိမိတ်​ဆွေတစ်​ယောက်​လို့ပဲ​ပြောထားတာ ဘယ်​သူမှ​တော့ သံသယမဝင်​ပါဘူး ...
ဒါ​ပေမယ့်​သူမိသားစုကို​တော့ အသိ​ပေးရမယ်​ထင်​တယ်​သား ... "

"ကျွန်​တော်​မေးပြီးပါပြီ သူ့မှာမိသားစု မရှိဘူးလို့​ပြောတယ်​ပြီး​တော့ အရင်​နေခဲ့တဲ့​နေရာကလဲ ဒီ​နေရာနဲ့ အရမ်း​ဝေးတဲ့​နေရာမှာ​နေတာလို့​ပြောတယ်​.... "

"မိသားစုမရှိ ဘယ်​အရပ်​မှာ​နေမှန်း မသိ​ပေမယ့်​ဒီမိန်းခ​လေးက ဘယ်​လိုအရပ်​ဒေသမှာဖြစ်​ဖြစ်​ဘယ်​လိုလူ​တွေနဲ့ပဲ​တွေ့​တွေ့ လိုက်​လျောညီ​ထွေ ဖြစ်​အောင်​နေတတ်​တယ်​...
သူဒီ​ဆေးရုံမှာရှိနေတဲ့ အချိန်​တိုအတွင်းမှာ​ဆေးရုံဝန်​ထမ်း​တွေ တခြားလူနာ​တွေနဲ့လဲ ရင်​နှီး​အောင်​နေတတ်​တယ်​...
ဘယ်​မှာဖြစ်​ဖြစ်​ပတ်​ဝန်းကျင်​နဲ့ လိုက်​လျောညီ​ထွေ​နေတတ်​တာက သူ့ကို လူချစ်​လူခင်​များ​စေတဲ့အချက်​ပဲ ... "

အချစ်စစ်၏ကံကြမ္မာ(Normal)Where stories live. Discover now