(Part-12)U

3K 231 5
                                    


"​ဝေးကွာသွား​စေသည့်​ အရာသည်..."

"Line ... "
သူ့နာမည်​ကို​ခေါ်သံ​ကြား​တော့ Line လှည့်ကြည့်လိုက်​မိ၏။​ခေါ်သံပိုင်​ရှင်​က​တော့ Lilyပဲဖြစ်​သည်​။

"ငါ့ကိုမြင်​တာ​တောင်​ပြန်​မနှုတ်​ဆက်​နိုင်​တော့ဘူးလား Line ... "

Lineက​ရုတ်​တရက်​ဘာစကားမှပြန်​မ​ပြော၍ Lilyက အနည်းငယ်​ခနဲ့သည့်​စကားနှင့်​ပြော​လေ၏။

"​ဆောရီး Lily ငါရုတ်​တရက်​မို့လို့ပါ ... "

အမှန်​တော့ Line သူမကို မနှုတ်​ဆက်​ချင်​တာပဲဖြစ်​၏။ ဒီ​နေ့ရိုက်​ကွင်းမှာ သူမဆင်းန်​ရှိတာကို Lineသိထားပါသည်​။ တစ်​ချိန်​က ကိစ္စ​လေး​တွေ​ကြောင့်​သူမဒီလို ခပ်​ရဲရဲ လာနှုတ်​ဆက်​လိမ့်​မည်​ဟု ထင်​မထားတာ​ကြောင့်​လဲပါ၏။

"အဟင်း ... အဲ့​လောက်​တောင်​ပဲ အံသြသွားတာလား ... "

"နင်​ပြန်​ရောက်​နေတဲ့ သတင်း​တွေ ငါကြားပါတယ်​... "

"ကြားတာ​တောင်​ငါ့ဆီလာမ​တွေ့ဘူး​နော်​...
ငါတို့ကြားမှာ အဖုအထစ်​လေး​တွေရှိခဲ့​ပေမယ့်​တစ်​ချိန်​က​တော့ ငါတို့ကသူငယ်​ချင်း​တွေ ဖြစ်​ခဲ့ဖူးပါတယ်​Lineရယ်​... "

"သူငယ်​ချင်း​တွေဖြစ်​ခဲ့ဖူးတာ မှန်​ပေမယ့်​နင်​ပြန်​ရောက်​လာတဲ့ သတင်းကြားပြီး​တော့ အ​ပြေးလာ​တွေ့ ရ​လောက်​အောင်​ငါတို့ဆက်​ဆံ​ရေးက အရင်​ကလိုမှ မဟုတ်​နိုင်​တော့တာ ... "

"ဘာလဲ အရင်​ကကိစ္စ​တွေ​ကြောင့်​အခုထိ ငါ့ကိုစိတ်​ဆိုး​နေ​သေးတာလား ... "

"ဘာကိုစိတ်​ဆိုးစရာရှိလဲဟာ ...
ငါက​အရင်​ကိစ္စ​တွေကို ခံစားမ‌ေန​ေတော့သလို သတိလဲမရ​တော့ဘူး ...
လက်​ရှိကိုပဲ ငါစိတ်​ဝင်​စားတယ်​... "

"Line နင်​ကအရင်​ကလိုပဲ​နော်​...
ဘာမှမ​ပြောင်းလဲဘူး ... "
Lineက အမြဲတမ်း လက်​တွေ့သမားဖြစ်​သည်​။ လုပ်​သင့်​တာ ဖြစ်​သင့်​တာကိုပဲ ဦးစား​ပေးတတ်​သူဖြစ်​၏။

"သိပ်​ဟုတ်​တာ​ပေါ့ ...
နင်​လဲ အရင်​ကလိုပဲ​နော်​ဘာမှမ​ပြောင်းလဲဘူး ...... "

Lilyသည်​အရင်​ကလိုပဲ လှ​ပနေဆဲဖြစ်​ကာ အရင်​ကလိုပဲ ယုံကြည်​ချက်​ရှိရှိ ဦး​မော့​နေဆဲပဲဖြစ်​သည်​။ တစ်​ချိန်​က သူမအမှား​တွေအတွက်​ဘာမှမဖြစ်​သလို Lineကို​ပြောင်​ပြောင်​တင်းတင်း​နှုတ်ဆက်စကား​ပြော​နေနိုင်​သေးသည်​။ Lilyရဲ့ ပွင့်​လင်းတတ်​တဲ့စိတ်​က အရင်​ကအတိုင်းပါပဲ။

အချစ်စစ်၏ကံကြမ္မာ(Normal)Dove le storie prendono vita. Scoprilo ora