(Part-19)Z

1.6K 65 0
                                    


ကျေးဇူးပြု ၍ ရင့်​ကျက်​ပေးပါ ချစ်​သူ ......

"တီ ......."
အိမ်​တံခါးဘဲလ်​တီးသံ​ကြောင့်​joy ထွက်​ကြည့်​တော့ Kingဖြစ်​နေ​လေသည်​။ Kingက ဦးထုတ်​အနက်​ကို​စောင်းထား၍ မျက်​နှာကိုလဲ အနက်​ရောင်​maskကို တပ်​ပြီးဖုံးကွယ်​ထား​၏။
ဘယ်သူမှန်း မသိ​အောင်​မျက်​နှာကို ဖုံးကွယ်​ထား​သော်​လဲ Kingရဲ့ မျက်​လုံး​တွေကို သူမအလွတ်​ရ​နေပါသည်​။
ထို့ပြင် အင်္ကျီ​အနက်​၊​ဘောင်းဘီကလဲအနက်​နှင့်​ထပ်​ဝတ်​ထားသည့်​ကုတ်​အင်္ကျီ ကပါအနက်​ရောင်​တွေကြီး ဖြစ်​နေ​သည်​။
အသားဖြူ သူမို့ အနက်​ရောင်​တွေ လွှမ်း​နေ​သော်​လည်း Kingနဲ့ ပိုလိုက်​ဖက်​သလို ပိုလဲ​ချော​နေမြဲပါပဲ ........

"King နင်​ဒီအချိန်​ကြီး ငါ့အိမ်​ကို ဘာလာလုပ်​တာလဲ ....... "
အချိန်​က ညကိုးနာရီ​လောက်​ရှိ​နေပါပြီ။ သူမ​တောင်​ခဏ​နေ အိပ်​ယာဝင်​ဖို့ လုပ်​နေတာဖြစ်​သည်​။

"နင်​တစ်​ယောက်​ထဲ ကား​မောင်းလာတာ​လား ကိုHall​ရော ..... "

"တစ်​ယောက်​ထဲ မြင်​တာ တစ်​ယောက်​ထဲလာလို့​ပေါ့ဟာ နင်​အရမ်းစကားများတာပဲ ......."
Kingက​ပြောပြီးတာနဲ့ အိမ်​ထဲဝင်​ဖို့ joyကိုင်​ထားသည့်​အိမ်​တံခါးကို တွန်းလိုက်​သောအခါ .......

"ဘာလုပ်​မလို့လဲ King ....."

"အိမ်​ထဲဝင်​မလို့​လေ ....... "

"မဝင်​ရပါဘူး ..... မနက်​ကျမှ W.Mမှာ​တွေ့လို့ရတာပဲ ......
အခုမိုးချုပ်​နေပြီ နင်​ပြန်​တော့ ...... "

"joy နင်​ဘာဖြစ်​နေတာလဲ ငါနင့်​ချစ်​သူ​နော်​သူစိမ်းမဟုတ်​ဘူး ...... "
Kingက သူ့မျက်​နှာမှ အနက်​ရောင်​maskကို ဆွဲဖယ်​လိုက်​ပြီး စိတ်​တိုတိုနှင့်​ပြောလိုက်​လေသည်​။

"အဲ့ဒါဘာဖြစ်​လဲ ချစ်​သူဖြစ်​ဖြစ်​ဘာဖြစ်​ဖြစ်​ဒီအချိန်​ကြီး ငါ့အိမ်​ထဲ ဝင်​လာစရာလား .......
မရဘူး မဝင်​ရဘူး ....... "

"မဝင်​လို့ မရဘူး ......
ငါထွက်​လာ​တော့ သတင်း​ထောက်​တစ်​ယောက်​ငါ့​နောက်က​နေ​နောက်​ယောင်​ခံလိုက်​လာတယ်​......"

"ဟင်​.... ဟုတ်​လား ....
အဲ့ဒါဆို အထဲမြန်​မြန်​ဝင်​..... "

joyက သတင်း​ထောက်​ဆိုတဲ့ အသံကြားတာနဲ့ ချက်​ချင်းပင်​သူ့ကို အထဲဝင်​ခိုင်း​လေသည်​။ ဒါကို Kingက သ​ဘောကျသွားပြီး joyမမြင်​အောင်​မသိမသာပြုံးလိုက်​မိ၏။ သူ့အတွက်​ဆို အမြဲစိုးရိမ်​စိတ်​ရှိ​နေတတ်​သည့်​joyအ​ကြောင်းကို သူသာအသိဆုံးပါပဲ။
တကယ်​က လိုက်လာသည့်​သတင်း​ထောက်​ကို လမ်းမှာပဲ မျက်​ခြေဖြတ်​ခဲ့တာဖြစ်​၏။

အချစ်စစ်၏ကံကြမ္မာ(Normal)Where stories live. Discover now