"အမှတ်မထင်ရရှိခဲ့သော ..."သူမဆေးရုံတက်နေသည့်တစ်လနီပါးအချိန်တွင်ခန္ဓာကိုယ်ကတော်တော်လေးကျန်းမာလာပြီမို့ဆေးရုံကဆင်းဖို့ ဆရာဝန်တွေက ခွင့်ပြုလိုက်သည်။ လူငယ်တစ်ယောက်မို့ ပြန်ကောင်းတာမြန်သည်ဟု ဆရာဝန်တွေကပြောကြသည်။ သို့သော်သူမရဲ့စိတ်တို့ကတော့ ပုံမှန်ဖြစ်ဖို့ လိုအပ်နေသေးသည်။ အထူးသဖြင့်အချိန်ကာလကွာဟမှုက သူမအတွက်သင်ယူစရာတွေများလာခဲ့၏။
လူ့အသုံးအဆောင်ပစ္စည်းတွေ နည်းပညာတွေ တိုင်းပြည်ဖွံဖြိုး မှုတွေက သူမမှတ်မိနေသည့်1967ခုနှစ်နှင့်ယခုလက်ရှိ 2017ခုနှစ်မှာ အကွာကြီး ကွာခြားနေခဲ့သည်။
အဲ့ဒီ့အရာတွေနဲ့ အသားကျဖို့ သူမဆေးရုံမှာရှိနေသည့်အချိန်တွေမှာ မြင်သမျှကို မှတ်သားပြီးလေ့လာနေရ၏။သူမ၏အခန်းေလးထဲက ပြတင်းပေါက်ကေနဆေးရုံ အပြင်ဘက်ကို လှမ်းကြည့်လိုက်ပါက မိုးမျှော်တိုက်တွေနဲ့ တိုးတက်စည်ကားနေ၏။ ထို့ပြင်လမ်းမကြီးထက်မှာ သွားလာနေသည့်မော်တော်ကားဆိုသည့်အရာတွေကလဲ ပို၍များပြားလာသလို ဒီဇိုင်းတွေကလဲပြောင်းလဲလို့နေ၏။
အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ တယ်လီဖုန်းဆိုသည့်အရာသည်ကြိုးတန်းလန်းနှင့်ထုထည်ကြီးသော်လည်း အခုခေတ်မှာတော့ လူတိုင်းက လက်ဝါးလောက်ရှိပြီး ပါးလွှာနေသည့်စမတ်ဖုန်းဆိုတာကို ကိုင်နေကြပါပြီ။
လူတွေနေ့စဉ်အသုံးပြုနေကြသည့်internet ဆိုသည့်အရာတွေကိုပါ သူမသင်ယူရပါဦးမည်။ အဲ့ဒီ့အရာတွေက ကမ္ဘာကြီးမှာ ဖြစ်ပျက်နေသည့်အကြောင်းအရာကိစ္စတွေကို တစ်ထိုင်ထဲ သိရှိနိုင်သည်ဟု သူမကြားသိ ထားရသည်။
သူမသိခဲ့သည့်တယ်လီဗေးရှင်းဆိုသည့်အရာသည် အရွယ်အစားထုထည်ကြီးမားခဲ့ဖြစ်သော်လည်း အခုခေတ်မှာတော့ အရွယ်အစားက ပါးလွှာပြီး ကျယ်ဝန်းသည့်မျက်နှာပြင်နှင့် smart TV ဆိုပြီးဖြစ်ေနပါပြီ။
ပြီးတော့ Kingရဲ့ အကြောင်းသိချင်၍ သူမဆေးရုံကလူတွေကို စကားပြောရင်းမေးမြန်းခဲ့၏။ သူတို့ပြောပြ၍ Kingဆိုတာ ဘယ်လောက်ကျော်ကြားသလဲ W.M Entertainment ဆိုတာဘယ်လောက်နာမည်ကြီးသလဲ သူမသိခဲ့ရ၏။
သူမမှာ ဘယ်မှတ်ဥာဏ်ပဲရှိနေသည်ဖြစ်စေရောက်ရှိနေသည့်ကာလရောက်ရှိနေသည့်နေရာမှာ ရှင်သန်ရပ်တည်ဖို့အတွက်အလုပ်တစ်ခုခုတော့ လိုအပ်သည်မို့ Dennielဆီမှာ အလုပ်တစ်ခုခုတောင်းဖို့လဲ သူမ စဉ်းစားထားပါသည်။ အခွင့်အရေးလိုချင်လွန်း၍ မဟုတ်ပါ မဖြစ်မနေလိုအပ်နေသည်မို့ ...
ESTÁS LEYENDO
အချစ်စစ်၏ကံကြမ္မာ(Normal)