"ဘေဘေးလေးရေ...."
"ဗျာမေမေ..."
"ဒီနေ့ရန်ကုန်အိမ်ကသခင်ကြီးတို့လာမှာသေချာသပ်သပ်ရပ်ရပ်လုပ်ထားနော်...ပြီးတော့သူ့မိသားစုလည်းပါတယ်...သားထက်နဲနဲကြီးတဲ့ကိုကိုလည်းပါတယ်သိလား....လိလိမ္မာမ္မာပြောနော်ဘေး..."
"ဟုတ်ကဲ့ပါမေမေရဲ့ဘေဘေးသိပါတယ်..."
"ဟုတ်ပါပြီ...မေ့သားလေးကလိမ္မာမှန်းသိပါတယ်...မေကကြိုသတိပေးတာပါ..."
"ဟုတ်...အာ့ဆိုဘေးသွားတော့မယ်နော်..."
"အေးအေး...."
ပြင်ဦးလွင်မြို့၏ခြံကျယ်ကြီး၁ခုထဲတွင်ခြံစောင့်သားအမိလေး၂ဦး၏အသံလေးများဖြင့်ဝေဆာလျက်.....
ပြင်ဦးလွင်မြို့၏ညနေခင်းတွင်အအေးဒဏ်လေးကစတင်လွှမ်းခြုံလာသည်.....ဆောင်းတွင်းပေမို့ပုံမှန်ထက်ပိုသောအအေးဒဏ်လေးကခြံထဲတွင်ဆော့နေသောဘေဘေးလေးထံစတင်ရိုက်ခက်လာသည်......
"ဘေဘေးလေးရေ..."
"ဗျာ့..."
"အနွေးထည်လာဝတ်ပြီးမှဆက်ဆော့လာ..."
"ဟုတ်မေလာပြီ.. ."
ဘေဘေးခြံထဲမှာဆော့နေလက်စကိုခဏရပ်ကာမေမေ့ထံအပြေးသွား၍အနွေးထည်ထူထူလေးပြေးဝတ်လိုက်သည်....မေမေကအနွေးထည်ပုံကြားမှအသည်းယားစရာဘေဘေးလေးရဲ့ပါးရဲရဲလေးကိုရွှတ်ခနဲနမ်းလိုက်တော့ဘေဘေးလေးကနှစ်ခြိုက်စွာပြန်လည်ပြုံးပြသည်.....ရယ်လိုက်တော့ပါးချိုင့်လည်းမဟုတ်....နှုတ်ခမ်းအောက်နားလေးနှစ်ဖက်မှာပါးချိုင့်လိုအခွက်လေး၂ခုကလှပစွာထွက်လာကြသည်
"မေမေဘေးဆက်ဆော့တော့မယ်နော်...."
"ဆော့ကလေးဆော့...တအားကြီးတော့မညစ်ပတ်စေနဲ့နော်သခင်ကြီးတို့ကဘေးလေးကိုလာကြည့်တာ...ဘေးလေးလိမ္မာရင်လေသခင်ကြီးတို့ကမေ့ဘေဘေးလေးကိုဆေးကုပေးမှာ......"
"တကယ်လား.."
"တကယ်ပေါ့ဘေးလေးရဲ့....."
"အာ့ဆိုဘေဘေးကဆေးကုပြီးရင်မနှစ်ကလိုမဖျားတော့ဘူးပေါ့....ဗိုက်လည်းအောင့်တော့ဘူးပေါ့နော်"
YOU ARE READING
💦တည်မြဲသောအချစ်💦《♡Love Is Constant♡》(completed)
Romance"ရင်ဘတ်ထဲကနှလုံးသားလေးကမင်းကိုချစ်ပါတယ်ဆိုတဲ့အော်သံလေးဟာငါ့ရဲ့ဦးနှောက်တဲ့နားကိုလာရိုက်ခတ်တဲ့အချိန်ငါဟာသိပ်နောက်ကျသွားပြီလား....." လွှမ်းဝင့်ထည် "ငါ့အချစ်ကလွဲမှားနေလားငါမသိဘူး....သေချာတာကတော့ငါ့ချစ်ခြင်းတွေကတန်ပြန်သက...