လွှမ်းတယောက်ဘေဘေးလေးကိုငိုစေမိတဲ့အတွက်အိပ်ရာထက်ဝယ်လူးလူးလိမ့်လိမ့်ဖြင့်သာမိုးလင်းစေခဲ့သည်....ညကကိစ္စကိုတောင်းပန်ဖို့ရာအတွက်မနက်၇နာရီတိတိတည်းကထကာမျက်နှာကိုကမန်းကတန်းသစ်ပြီးတံခါးအပြာလေးရှိရာသို့ပြေးမိသည်...စိရုံသာစိထားသောတံခါးအပြာလေးနောက်ကအခန်းလေးထဲကိုအသာအယာလှမ်းလိုက်ချိန်ဝယ်ပိုင်ရှင်မဲ့နေသောအခန်းလေးကစီးကြိုနေသည်.....
"ထူးလေး...ထူးလေး..."
ရေချိုးခန်းထဲတွင်ဝင်ကြည့်ပြီးနောက်မတွေ့သည်နှင့်အောက်ကိုအပြေးဆင်းလာခဲ့သည်.....
"ကြီးဝင်း..ကြီးကြီး..ထူးလေးရော..."
"ဘေဘေးလေးကအပြေးသွားတယ်သားလွှမ်းရဲ့...ဘာတွေစိတ်ညစ်စရာရှိလဲမသိပါဘူး..ဘေးကစိတ်ညစ်ရင်ထထပြေးတယ်..."
"ဘယ်မှာသွားပြေးတာလဲ..."
"ဒီနားကွင်းထဲပဲသားရဲ့..."
"ဟုတ်ဟုတ်..."
လွှမ်းပြောပြီးသည့်နောက်ညအိပ်ဝတ်စုံနဲ့ပင်ပြေးထွက်သွားသည်.....
ကိုကိုမှားပါတယ်...ကိုကိုတောင်းပန်မှာမို့လို့ကိုကို့ကိုစိတ်ညစ်စရာလို့မသတ်မှတ်လိုက်ပါနဲ့ကလေးရယ်...
စိတ်ထဲမှတောင်းပန်စကားကိုအကြိမ်ကြိမ်ဆိုရင်းကွင်းထဲတွင်ရှိနေမည့်ကလေးငယ်ဆီအရောက်ပြေးကာတွေ့အောင်ရှာနေမိသည်......
ကွင်း၁ပတ်....
၂ပတ်.....
၃ပတ်......
၃ပတ်လောက်ပတ်အပြီးတွင်တော့တော်တော်လေးမောနေပြီဖြစ်သည်...၃ပတ်လုံးအပြေးတပိုင်းနှင့်ရှာနေသည်ကိုး.....
"ကိုကို..."
"ထူး...ထူးလေး..."
အများပြည်သူလေ့ကျင့်ခန်းလုပ်ရန်အားကစားပစ္စည်းတွေထားထားသောနေရာလေးမှထွက်လာပါသောကလေးငယ်.....
"ထူးလေး...ကိုကိုညကကိစ္စ...ဟောဟဲ...တောင်းပန်ပါတယ်....ဟူး...."
"ကိုကိုအယ့်တာပြောဖို့လာတာလား..."
"ညီ..."
ESTÁS LEYENDO
💦တည်မြဲသောအချစ်💦《♡Love Is Constant♡》(completed)
Romance"ရင်ဘတ်ထဲကနှလုံးသားလေးကမင်းကိုချစ်ပါတယ်ဆိုတဲ့အော်သံလေးဟာငါ့ရဲ့ဦးနှောက်တဲ့နားကိုလာရိုက်ခတ်တဲ့အချိန်ငါဟာသိပ်နောက်ကျသွားပြီလား....." လွှမ်းဝင့်ထည် "ငါ့အချစ်ကလွဲမှားနေလားငါမသိဘူး....သေချာတာကတော့ငါ့ချစ်ခြင်းတွေကတန်ပြန်သက...