တကယ်တော့ဒီနေ့ကဘေဘေးရဲ့၁၈နှစ်ပြည့်မွေးနေ့ပါ...မေမေရောကြီးကြီးရောဘေဘေးမွေးနေ့ကိုအမြဲတက်တက်ကြွကြွလုပ်ပေးနေကျပေမယ့်ဒီနေ့တော့မေ့နေတယ်ထင်ပါရဲ့.......ကိုကိုလွှမ်းလေးရောဘေဘေးမွေးနေ့ကိုမေ့နေလောက်ပြီလား...ဟင့်အင်း...ဘေဘေးကိုရောမှတ်မှမှတ်မိသေးရဲ့လား....
မစဥ်းစားချင်တော့ပါလေ...
ကျောင်းရောက်သည်နှင့်အနှီနိုဝင်ကောင်ကကန်တင်းသို့တန်းခေါ်သွားသည်.....
မိန်းကလေးတိုင်းကလည်းကျောင်းစတက်သည့်ပထမနှစ်မှစယနေ့ထိတိုင်နိုဝင်ကျော်ဆိုသည့်ကောင်ကိုမြင်လျှင်အမြဲတကြည့်ကြည့်နှင့်ငေးကြတုန်းပင်...
သူကလည်းငေးချင်စရာပင်...မိဘအမွေဖြစ်တဲ့ယောကျာ်းဆန်ပြီးချောမောတဲ့မျက်နှာ..ကျစ်လက်သောဖွဲ့စည်းပုံနှင့်အားကိုးချင်စရာကာယဗလတွေကသူ့တွင်တည်ရှိနေသည်လေ...ဒီ့အပြင်RKလည်းဖြစ်တော့နိုဝင်ကျော်သာဆိုရွှေလမ်းငွေလမ်းခင်းချင်သူများကစီတန်းလို့.......နိုဝင်ကျော်ဆိုတဲ့ကောင်ကလည်းတောက်တဲ့...ကျတော့်ကိုသာတွယ်ကပ်နေပြီးသူ့အိမ်တွင်အကိုလေးဟုဖူးဖူးမှုတ်ထားခံရသူကကျတော်နဲ့ဆိုလဒဘဝမှာပင်နေရသည်....စိတ်အလိုမကျရင်လည်းခေါက်ခံရသေးသည်...ဒါတောင်သကောငိ့သားကမုန်းစရာကောင်းလောက်အောင်ပင်တွယ်ကပ်နိုင်လွန်းသည်....ကျတော့်တနေ့တာ၂၄နာရီတွင်အ်ပ်ချိန်သာ၁ယောက်ထဲနေရသည်.....ကျန်တဲ့အချိန်ဟာတောက်တဲ့ကောင်နှင့်သာကုန်ဆုံးရသည်...ခုလည်းဒီတောက်တဲ့ကမွေးနေ့ကိုဘာတွေလုပ်ထားပြန်သည်မသိ...နိုဝင့်ကိုကျေးဇူးလည်းတင်ပါသည်...ကျတော်အားငယ်ချိန်ဝမ်းနည်းချိန်ပျော်ချိန်သူအကုန်မျှဝေခံစားပေးခဲ့သည်လေ...ကျတော့်မွေးနေ့ဆိုလည်းနှစ်တိုင်းမပျက်မကွက်လုပ်ပေးသည်...ခုလည်းသူ့ထုံးစံမပျက်.....
ကန်တင်း၁ခုလုံးလူရှင်းလျက်ဘောလုံးလေး၁၈လုံးတွင်စားများလည်းရေးထားသေးသည်
"ငါ့လိုလူကိုသူငယ်ချင်းလုပ်ပေးလို့ကျေးဇူးပါbaby"
"မွေးဖွားလာပေးလို့ကျေးဇူးပါဘေဘီ"
"တသက်လုံးပျော်ရွှင်ပါစေဘေဘီ"
"မင်းသူငယ်ချင်းအဖြစ်တသက်လုံးသစ္စာရှိရှိစောင့်ရှောက်ပါ့မယ်bbaby"
"အမြဲတမ်းငါ့ဘက်ကရပ်တည်ပေးလို့ကျေးဇူးပါbaby".
.......စတဲ့စာလေးများဟာဘောလုံးလေး၁၈လုံးတွင်လှပစွာတည်ရှိနေသည်..........မွေးနေ့ကိတ်လေးကိုင်ကာကျတော့်မျက်စိရှေ့လာရပ်ပါသောသူ....
YOU ARE READING
💦တည်မြဲသောအချစ်💦《♡Love Is Constant♡》(completed)
Romance"ရင်ဘတ်ထဲကနှလုံးသားလေးကမင်းကိုချစ်ပါတယ်ဆိုတဲ့အော်သံလေးဟာငါ့ရဲ့ဦးနှောက်တဲ့နားကိုလာရိုက်ခတ်တဲ့အချိန်ငါဟာသိပ်နောက်ကျသွားပြီလား....." လွှမ်းဝင့်ထည် "ငါ့အချစ်ကလွဲမှားနေလားငါမသိဘူး....သေချာတာကတော့ငါ့ချစ်ခြင်းတွေကတန်ပြန်သက...