💦Love is constant💦Part6

13.2K 1.1K 42
                                    

ညတာ​လေးကိုနှစ်ချိုက်စွာကုန်ဆုံးခဲ့ကြ​လေသူ..သူတို့နှစ်​ယောက်....

"ကျိ..ကျ်...ကူ...ကူး..."

ငှက်က​လေးတို့၏သာယာသံ​လေးများနှင့်မနက်ခင်း​လေးကိုအစပြုလာကြသည်.....

"ဝါး...nice..."

လွှမ်းတ​ယောက်အိပ်ရာမှထကာအ​ကျောဆန့်ပြီးအဲကွန်းပိတ်ကာပြတင်း​​​ပေါက်ဖွင့်လိုက်သည်.....
ပြတင်း​ပေါက်နားရပ်​နေရင်းငယ်ငယ်တုန်းကပြင်ဦးလွင်အိမ်မှာမိုးလင်းတိုင်းသီချင်း​လေးဆိုကာပန်းပင်​ရေ​လောင်းတက်​သော​ကောင်​လေးကိုသတိရသွားသည်....ခု​ရောဒီလိုပဲသီချင်း​တွေဆိုတုန်းလား​လေ...သိချင်စိတ်နှင့်စူးစမ်းလိုစိတ်တွဲလျက်​ခြေလှမ်းများကအပြာ​ရောင်တံခါး​လေး​ရှေ့အလိုလို​လျှောက်သွားမိသည်......

တံခါးတွင်ချိတ်ထား​သော​🐷Bae's room🐷ဆိုသည့်စာတန်း​လေး​ကြောင့်ပြုံးမိသည်....တံခါး​လေးကိုအသာ​လေးလှစ်ဟကြည့်​တော့​စောင်ထုပ်ထဲဝယ်​ကွေး၍အိပ်​နေပါ​သော​ဘေ​ဘေး​လေး....ငယ်ငယ်ထဲက​​​ကွေးအိပ်တက်တဲ့အကျင့်ကမ​ပျောက်​သေးဘူးထင်တယ်.....လွှမ်းပြုံးမိပြန်သည်.....

📞So you still thinking of me📞
မြည်လာ​သောဖုန်းသံ​ကြောင့်ကုတင်ထက်ကက​လေးငယ်လူးလွန့်ကာမျက်လုံးမပွင့်ဘဲဖုန်းကိုစမ်း​နေသည်​ကြောင့်ထွက်သွားရန်ပြင်လိုက်​​သော်လည်းထွက်လာ​သောနာမည်​ကြောင့်အလိုမကျစွာမျက်​ခုံးတန်းတန်း​တွေ့ကတွန့်​ကွေးမိသွားသည်....

📞အင်းနို​​လေး📞

"............"

📞အင်းပါနိုးပါပြီ📞

"............"

📞ဟင့်အင်းခုထပြီးမျက်နှာသစ်​နေပြီ...အင်း...📞

​ဘေ​ဘေး​လေးသည်ဖုန်းလည်း​ပြောရင်းတဖက်ကလူကမျက်နှာသစ်ခိုင်းသည်ထင်တ​သွေမသိမ်းလိုက်လုပ်​နေ​​​သော​​ကြောင့်ဘာရယ်​ကြောင့်မသိမကြိုက်ချင်ပါ..
​ဘေ​ဘေး​လေးကသူ​ပြောသည့်အတိုင်းတကယ်ပဲနိုဝင်​ကျော်ဆိုသည့်​ကောင်​လေးနှင့်....ဟင့်အင်းမ​တွေးချင်...မ​တွေးရဲတာဆိုပိုမှန်မယ်ထင်တယ်......

ထို့​နောက်လွှမ်းလှည့်ထွက်လာခဲ့​လေသည်.....

​ဘေ​ဘေး၁​ယောက်မျက်နှာသစ်​ရေချိုးပြီးပြင်ဆင်ပြီးချိန်တွင်​တော့လဒ​လေးကခြံ​ရှေ့​ရောက်​နေ​လေပြီ...
ဒီအချိန်​တော့နို​လေးလို့မ​ခေါ်နိုင်ပါ...သ​ကောင့်သား​ကြောင့်ဘယ်​​တော့မှမနက်စားမစားရဘူး​လေ.....

💦တည်မြဲ​​သောအချစ်💦《♡Love Is Constant♡》(completed)Where stories live. Discover now