မနေ့ညကဦးဦးတို့အိမ်တွင်ပဲအိပ်လိုက်မည်ဆိုသောကိုကို့ကြောင့်သားသားနှင့်ကျွန်တော်သာနှစ်ယောက်ထဲအိပ်လိုက်ရသည်....ကိုကိုမရှိတော့အထီးကျန်တယ်.....ကိုကိုပြန်လာလို့အားလုံးရှင်းပြတဲ့အခါကိုကိုကလက်ခံပါ့မလား....ကိုကို့ဘက်ကကျွန်တော့်ကိုသူ့နားပဲနေဆိုတာကလွဲပြီးဘာမှမပြောဖူးဘူးလေ....ကိုကိုသာကျွန်တော့်ကိုမချစ်ရင်သားကသူ့သားဆိုတာလက်မခံခဲ့ရင်ကျွန်တော်ခံနိုင်ရည်ရှိပါ့မလားလေ.....
တွေးနေရင်းပင်နိုဝင်တို့နဲ့နှိုင်းဆိုသူတို့ရောက်လာပြီမို့ကိုကိုပြန်လာရန်သာစောင့်ရတော့မည်.........
လွှမ်းတစ်ယောက်အိမ်ပြန်လမ်းတလျှောက်ကားမောင်းနှင်ရင်းတီလေးပြောသည့်စကားကိုသာပြန်ကြားနေသည်....."ဦးမင်းကသားလွှမ်းကိုရောထူးမြင့်မိုရ်ဆိုတဲ့ကောင်လေးကိုပါတောင်းပန်ပေးပါတဲ့"ဘာကြောင့်လဲမေးတော့တီလေးလဲမသိဘူးတဲ့....ပျက်ရွင်းနေတဲ့ဖေဖေ့ရဲ့မျက်နှာနဲ့တောင်းပန်သလိုကြည့်နေတဲ့တီလေးရဲ့မျက်နှာကိုကြည့်ရင်းအားမရစွာပဲအဖြေရှာမရနိုင်သောမေးခွန်းပေါင်းများစွားနဲ့ပြန်လာခဲ့ရသည်........
ထူးလေးကိုဘယ်လောက်ချစ်ကြောင်း...မြတ်နိုးကြောင်းကိုလည်းသူလေးသိအောင်ဖွင့်ပြောတော့မည်လို့တွေးလိုက်တိုင်းအလိုလိုပြုံးမိသေးသည်.....
ကွန်ဒိုရောက်တာနဲ့တက်ကြွသောခြေလှမ်းတွေနဲ့မိမိအသိုက်အမြုံလေးရှိရာသို့တက်လှမ်းရင်းသူနဲ့ကိုယ့်ကြားမှာကိုယ်ကိုယ်တိုင်တင်းမာစွာခြားထားတဲ့စည်းကိုတသက်လုံးအတွက်ချေဖျက်ပစ်တော့မည်.......အားကြိုးမာန်တက်ဖြင့်လာပြီးကာမှမြင်ရသည့်မြင်ကွင်းကရင်ဝကိုစောင့်ကန်လိုက်သလို.......
ဆိုဖာတွင်မျက်နှာချင်းဆိုင်ထိုင်လျက်ကော်ဖီခွက်လေးကိုင်ထားသောဘေဘေးနှင့်လွှမ်းလေးကိုချီထားသောနှိုင်းဆိုသည့်နာမည်၁လုံးနှင့်လူသား....ဘဝတွင်ဒုတိယအကြိမ်မမြင်ချင်တော့သောလူသား....ဒီမြင်ကွင်းဟာပုံမှန်ပင်မယ့်ကိုယ့်အတွက်တော့သူနဲ့ပတ်သတ်လာရင်ပုရွက်ဆိတ်တစ်ကောင်တောင်သဝန်တိုသည်မို့သဝန်တိုမှုကြောင့်ဒေါသအစုံဟာမဖိတ်ခေါ်ပဲရောက်လာသလိုဒေါသမွှန်ပြီးဘာမှန်းမသိသောစကားတွေကထွက်လာပြန်သည်.......
YOU ARE READING
💦တည်မြဲသောအချစ်💦《♡Love Is Constant♡》(completed)
Romance"ရင်ဘတ်ထဲကနှလုံးသားလေးကမင်းကိုချစ်ပါတယ်ဆိုတဲ့အော်သံလေးဟာငါ့ရဲ့ဦးနှောက်တဲ့နားကိုလာရိုက်ခတ်တဲ့အချိန်ငါဟာသိပ်နောက်ကျသွားပြီလား....." လွှမ်းဝင့်ထည် "ငါ့အချစ်ကလွဲမှားနေလားငါမသိဘူး....သေချာတာကတော့ငါ့ချစ်ခြင်းတွေကတန်ပြန်သက...