❣️13❣️(Fanboy's boyfriend )

6.2K 726 16
                                    

Zawgyi

13

"မောင်...မွ ပြွတ်စ်..."

အဲံဒီအနမ်းလေး....ဝမ်ရိပေါ်အတွက်တော့ မနက်ခင်း အိပ်ရာထချိန်လေးဟာ အရမ်းပြီးပြည့်စုံနေတတ်တယ်
ချစ်ရသူ ကျန့်ကလေးရဲ့ ညင်သာလွန်းလှတဲ့ မနက်ခင်းအနမ်းတစ်ပွင့်နဲ့အတူ နိုးထရတယ်ဆိုတာ ဘယ်လောက်ကံကောင်းတယ်ထင်သလဲ....

သူ့ကု အနမ်းပေးပြီးလာနှိုးတဲ့ ကျန့်ကလေးက ဘယ်အချိန်ကြည့်ကြည့်ကို ချစ်စရာကောင်းနေတယ်...
သူ့အပေါ်ကနေ ပြုံးပြနေတဲ့ ကျန့်ကလေးက ပန်းပွင့်လေးလိုပဲ  ကျန့်ကလေးရဲ့ခန္ဓာကိုယ်လေးကို သူ့အပေါ်ကိုဆွဲချကာ ခါးလေးကိုတင်းကျပ်စွာပွေ့ဖက်ထားတော့ ကျန့်ကလေးက ရိပေါ်ရဲ့မျက်နှာကို သူ့လက်ကလေးတွေနဲ့ ကျီစယ်ကာ ပွတ်သပ်ပေးတယ်...

"ထတော့နော် အိပ်ပုပ်ကြီးရဲ့"

ကျန့်ကလေးက ရိပေါ်ရဲ့လက်ကု ဆွဲကာ ထူတယ်...မရတော့ ရိပေါ်ရဲ့လက်ဖမိုးလေးကို သူ့နှုတ်ခမ်းအိအိလေးတွေနဲ့ နမ်းရှိုက်တယ်....
ကျန့်ကလေးရဲ့ အနမ်းကနူးညံ့လိုက်တာကွာ
ဒါမဲ့ နည်းနည်းစူးခနဲဖစ်သွားသလိုပဲ...မဟုတ်ဘူး အတော်ကို စူးစူးနစ်နစ် နာတာ....

"အား.....နာတယ် နာတယ်"

နောက်ဆုံးမှာတော့ ဝမ်ရ်ပေါ်မှာ အာပြဲနေအောင်အော်ကာ အိမ်မက်ကနေနိုးလာခဲ့ရပါတယ်....
ခုနက ကျန့်လေးက သူ့ကို morning kissပေးပြီး နှိုးတာမဟုတ်....သူ အိမ်မက်မက်နေတာ ခုလက်တွေမြှာတော့ သူရဲ့ရှောင်းကျန့်က ရိပေါ်ရဲ့လက်ဖမိုးကို ကိုက်ရာကွင်းလိုက်ကြီးပေါ်အောင် ကိုက်ထားတယ်....
ကိုက်ရာကြီးက တံတွေးတွေနဲ့ ပေပွလို့....

"ဘာလို့ကိုက်တာလဲ ဘေဘီရဲ့"

"နှိုးနေတာ တော်တော်နဲ့မှမထတာ ဝမ်ရိပေါ် မင်းပြောတော့ မနက်၉နာရီ သွားရမှာဆို ခု ၈ခွဲနေဘီ ငါနှိုးနေတာ ၇နာရီထဲက မထလို့ အမြင်ကပ်လို့ ကိုက်ပြီးနှိုးတာ ဘာဖြစ်ချင်လဲ"

အိမ်မက်နှင့် လက်တွေ့က ထပ်တူတော့မကျခဲ့....
ရိပေါ်ရဲ့ မနက်ခင်းတိုင်းဟာ ကျန့်ကလေးရဲ့ ဆူပူကြိမ်းမောင်းသံနှင့် စရတယ်....
ဒါပေမယ့် ရိပေါ် ကျေနပ်နေရတာဘဲ...
လက်မထပ်ရသေးပေမယ့် ဝတ်ဖို့ အင်္ကျီအဆင်သင့်ထုတ်ပေးထားတတ်တာရယ်...
နံနက်ခင်းစာကို ရိပေါ်အကြိုက် ရှယ်ပြင်ပေးတာလေးရယ်...
ရိပေါ်က ရှောင်းကျန့်ကို ကျောင်းအရင်ပို့ ပြီးမှအလုပ်သွား...အလုပ်မသွားခင် ကားပေါ်မှာ  ရိပေါ်ရဲ့ နှဖူးပေါ်ကို အမြဲရောက်လာတတ်တဲ့ နူးနူးညံ့ညံ့ အနမ်းလေးတွေရယ်....
ရိပေါ်ဘဝကြီးက သာယာစရာကြီး....

🐈You're my only meow meow🐈S1+S2🐈(Completed )Where stories live. Discover now