❣️23*Final* ❣️(Now, We are married)

6.5K 713 58
                                    

Zawgyi

23(မင်္ဂလာအခမ်းအနားပြင်ဆင်ပုံကို
#swamhtet_မှတ်စုကြမ်း_天下第一 Pageမှ ကောက်နုတ်ဖော်ပြပါတယ်)

ရှောင်းပါးပါးဟာ သိပ်လက်ပေါက်ကပ်ပါတယ်...လက်ထပ်ဖို့ ရက်ရွေးပြီးတာတောင် ရှေးထုံးတမ်းစဉ်လာအတိုင်း သတို့သားလောင်းနှစ်ယောက်ရဲ့ မွေးဇာတာကို တရုတ်ရိုးရာဗေဒင်အရ တိုက်စစ်လေရဲ့။
ဇာတာခွင်တွက်ချက်လိုက်တော့ သတို့သားလောင်းနှစ်ဦးလုံးဟာ မိုးနတ်မင်းရဲကောင်းချီးပေးခံရသလိုမျိုး ကိုက်ညီမှုရှိနေတဲ့အပြင် အနာဂတ်အချစ်ခရီးလမ်းဟာလည်း သာယာနေပါတယ်....

ရှောင်းပါးပါးဟာ ကိုက်ညီလွန်းတဲ့ ဇာတာခွင်က်ုကြည့်ပြီးတာနဲ့ တန်းထသွားတယ်....
ရိပေါ်ကတော့ အမြဲအနိုင်လိုချင်နေတဲ့ရှောင်းပါးပါးကို အနောက်ကနေ လျှာထုတ်ပြောင်ပြလိုက်တယ်...
'ကျွန်တော်တို့အချစ်ကို မိုးနတ်မင်းကတောင် အသိအမှတ်ပြုတယ် ဘာတတ်နိုင်သေးလဲ ယောက္ခထီးကြီးရဲ့'

ဇာတာခွင်တွက်ချက်ပြီးသွားတဲ့အခါမှာ ရိုးရာဓလေ့အရဘဲ မင်္ဂလာအခမ်းအနားကို ရှေ့ဆက်ဖို့ ပြင်ဆင်ကြသည်။
ရိပေါ်တို့ဘက်က ဝမ်မိသားစုကနေ စေ့စပ်ထားတဲ့ ရှောင်းကျန့်ကို တန်ဖိုးထားလေးစားသည့်အနေနှင့် မင်္ဂလာအခမ်းအနားစာတစ်စောင်နှင့်အတူ ရှောင်းကျန့်ကို တင်တောင်းသည့် လက်ဖွဲ့ပစ္စည်းတွေကို ပေးအပ်သည်။
ဒါကလည်း ရိုးရာဓလေ့အရပါဘဲ....

သတို့သမီးမဟုတ်တဲ့ သတို့သားလောင်းလေးရှောင်းကျန့်ကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ ပြသသည့်အနေနဲ့ တင်တောင်းတဲ့အခါမှာ ရှောင်းကျန့်ရဲ့ဘဝကို ရိပေါ်တို့ဘက်က အစစအရာတာဝန်ယူတယ်ဆိုတဲ့ သဘောအနေနှင့် အင်္ကျီ ဘောင်းဘီ အဝတ်အစားအစုံ အသေးစိတ် အတွင်းခံကအစလို့ ပိုင်ဆိုင်မှုအကြီးစား ရွှေတုံး ရွှေချောင်းကို သေတ္တာနှင့်တကွ ရှောင်းကျန့်နာမည်နှင့် အိမ်ခြံမြေစာချုပ် ငွေသားသန်းတစ်ရာ နှင့် အပိုအလိုမရှိ စေ့စေ့စပ်စပ် သေသေချာချာ ပြည့်စုံစွာ တင်တောင်းသည်။

ရှောင်းကျန့်တို့ဘက်က ဆွေမျိုးတွေကတော့ ရှောင်းကျန့်ဟာ ယောကျာ်းလေးဖြစ်တာတောင် ဒီလောက်များတဲ့ လက်ဖွဲ့ပစ္စည်းတွေနှင့် တင်တောင်းခံရတော့ ရှောင်းကျန့်ကို တအားတွေ အားကျနေကြသည်။

🐈You're my only meow meow🐈S1+S2🐈(Completed )Where stories live. Discover now