❣️4❣️(Shopping with my future BF)

7.6K 950 20
                                    

Zawgyi

4

အစ်ကိုချန်က တခြားသူတော့မဟုတ်....
ရှောင်းကျန့်ရဲ့ ရည်းစားဦး ရှောင်းကျန့်ကို ရက်ရက်စက်စက် အသဲခွဲသွားတဲ့လူကြီး
ရှောင်းကျန့် အသက် ၁၈ နှစ်မှာ အစ်ကိုချန်နဲ့တွဲတယ် နောက်ပိုင်း အစားကြိုက်သူမို့ အစားတွေတအားစား တအားအိပ်ပြီး ရှောင်းကျန့်က ပေါင်ချိန်၁၅၀ကျော်လောက်အထိ ဝလာရော...အရင်ကလို ပိန်ပိန်သွယ်သွယ်လေးမဟုတ်တော့ အဲ့လူက အချိုးပြောင်းပြီး ကျောင်းကစော်အချောလေးတွေနဲ့ တွဲတာ....
ရှောင်းကျန့်ကို လမ်းမခွဲဘာမခွဲနဲ့ သူရှုပ်နေတာကို နောက်မှသိရတာ ပထမဦးဆူံးရည်းစားဆိုတော့ အသဲကွဲငိုတာပေါ့....
အဲ့လူက ပြောသွားသေးတာ
"မင်းက ဝပြဲနေတာကိုးတဲ့"
အဲ့ထဲက သူ့ကိုမုန်းလွန်းလို့ မခံချင်စိတ်နဲ့ လှအောင် ဝိတ်ချပစ်တာ
သူနဲ့ပြတ်ပြီးကတည်းက ရှောင်းကျန့်က ရည်းစားမထားတော့တာဘဲ အင်း ရည်းစားထားရတာ တကယ်စိတ်ရှုပ်လို့.....

အခု အစ်ကိုချန်က ဘေးမှာ ကောင်မလေးနဲ့ ကောင်မလေးကလည်း အချောလေး....

"အာ ဒါကိုကို့မိတ်ဆွေလား"

"အင်း မိတ်ဆွေဟောင်းပေါ့ တစ်ယောက်ထဲလား ကျန့်ကျန့်"

"ဟုတ်ဘူး မောင်နဲ့လေ"

ရှောင်းကျန့်ရဲ့အသံက ရုတ်တရက်ကြီးနူးညံ့သွားပြီး အရှေ့ကရိပေါ်ရဲ့လက်ကို အုပ်မိုးကာ က်ူင်လိုက်တယ်...ရိပေါ်မှာတော့ ရှောင်းကျန့်ဘာဖြစ်တာလဲပေါ့

အစ်ကိုချန်က မျက်နှာကွက်ခနဲ ပျက်သွားတယ်...ဒါမဲ့ ပြုံးလိုက်ပြီး သူ့ဘေးကကောင်မလေးကု မိတ်ဆက်ပေးတယ်

"အစ်ကိုတို့ မတွေ့ရတာကြာပြီလေ စကားပြောရအောင်လေ"

"အာ ရတယ်လေ အစ်ကိုချန် လာထိုင်လေ မောင် နေရာဖယ်ပေးလိုက် သဲနား လာထိုင်လေ"

ရိပေါ်မှာတော့ ဘာအကြောင်းမှမသိပေမယ့် ရှောင်းကျန့်ရေးတဲ့ဇာတ်ထဲ ဝင်ကရတာပေါ့
ဘာဖြစ်လဲ ရှောင်းကျန့်အနားနေရတာအမြတ်ပေါ့
ရိပေါ်က ရှောင်းကျန့်ဘေးလာထိုင်တော့ ရှောင်းကျန့်က သူ့လက်မောင်းကု လာတွဲတယ်....
ပြီးတော့ တိုးတိုးလေးပြောတယ် အလိုက်အထိုက်လေးနေပေးပါတဲ့....
ဟီးဟီး ရိပေါ်တို့အကြိုက်ပေါ့ ဒီလို့အခွင့်အရေးမျိုးဆိုတာ လက်လွတ်မခံသင့်ဘူး

🐈You're my only meow meow🐈S1+S2🐈(Completed )Onde histórias criam vida. Descubra agora