❣️21❣️(Wang Family)

5.3K 671 27
                                    

Zawgyi

21

.
ရိပေါ်တို့ချစ်သူနှစ်ယောက် Parisကပြန်လာအပြီးမှာ ရိပေါ်ရဲ့ မိဘတွေဆီကိုသွားပြီး တရားဝင်လက်ထပ်တော့မည်ဖြစ်ကြောင်း အသိသွားပေးခဲ့သည်။
ဝမ်ပါးပါးက သားမက်ချောချောလေးကိုကြည့်ပြီး တအားသဘောကျနေပေမယ့် ဝမ်မားမားကတော့ ရှောင်းကျန့်နဲ့လက်ထပ်မှာကို ခွင့်မပြုချင်... မျက်နှာကလည်းသိပ်မကောင်းလှ...

ရိပေါ်နဲ့ ရှောင်းကျန့်က ဝမ်မိသားစုတို့ရဲ့အိမ်မှာ တစ်ပတ်လောက် အရိပ်ခိုကြသေးသည်။ ရှောင်းကျန့်ကို ချက်ချင်းကြီး သူ့မိဘတွေဆီကို မအပ်ရဲသေး။ တော်ကြာ လက်မထပ်ရသေးခင် ခွဲပစ်မှာလည်း စုးလို့ဖြစ်သည်။

ရှောင်းကျန့်က ရိပေါ်တို့ရဲ့အိမ်မှာ တစ်ပတ်လောက်ပဲနေလိုက်တာ...အိမ်က ဝမ်ပါးပါးမပြောနှင့် အလုပ်သမားတွေကပါ " ကျန့်ကျန့်လေးက ချစ်ဖို့ကောင်းတယ် ကျန့်ကျန့်လေး ဘာလုပ်ပေးရမလဲ" ဆိုပြီး အတော်ဖြစ်ကုန်ကြသည်။
ရှောင်းကျန့်ကလည်း နဂိုထဲက အဆင့်အတနိးမခွဲတတ်သလို ချစ်စဖွယ်အမူအရာပိုင်ရှင်လေးမို့ ဝိုင်းချစ်ကြတာ မဆန်း....
ဝမ်အိမ်မှာနေစဉ်အတွင်း ရှောင်းကျန့်က မီးဖိုချောင်ကို သူဝင်စီမံသည်။
အလုပ်သမားတွေကတားသော်လည်း မရ...
"ရိပေါ်က ကျန့်ကျန့်ချက်ကျွေးတာမှ စားတာ" ဆိုပြီး ရှောင်းကျန့်က ပြောတော့ အကုန်လုံးက ပိုလိုက်လေရောဆိုပြီး ရှောင်းကျန့်ကို စကြသည်။
ရှောင်းကျန့်က သူတတ်ထားတဲ့မုန့်လုပ်နည်းတွေနဲ့ တစ်အိမ်လုံးအတွက် လုပ်ကျွေးသည်။
အလုပ်သမားတွေကတော့ ကျန့်ကျန့်လေးပြန်သွားမှာကို စိုးရိမ်နေကြတာပါဘဲ...
ရှောင်းကျန့်ကတော့ အတော်ကြာအောင်တိတ်ဆိတ်ခဲ့တဲ့ ဝမ်အိမ်ကြီးအတွက် ဆည်းလည်းလေးသဖွယ် ဝင်ရောက်လာခဲ့သည်။

ဝမ်မားမားကတော့ ရိပေါ် ရှောင်းကျန့်ကို တရားဝင်မိတ်ဆက်ပေးကတည်းက ရိပေါ်ကို သိပ်စကားမပြော...
ရှောင်းကျန့်ကိုလည်း ခပ်စိမ်းစိမ်းသာ ဆက်ဆံသည်။ လက်ထပ်ပွဲကို ငြင်းလည်းမငြင်းပေမယ့် ဝမ်မားမားဟာ မှိုင်မှိုင်တွေတွေကြီး နေတတ်သည်
ရိပေါ်ဟာ အရိပ်အကဲသိတတ်သူပီပီ မားမား မျက်နှာမကောင်းတဲ့အကြောင်းရင်းက်ုသာ မေးဖို့ ပြင်လိုက်တော့သည်။

🐈You're my only meow meow🐈S1+S2🐈(Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ