Zawgyi>>>
ပထမဦးဆုံးညဖြတ်သန်းပြီးချိန်တွင် ကိုယ့်ချစ်သူရင်ခွင်ထဲမှာ ကိုယ်ကအိပ်စက်နေပြီး...နိုးလာတဲ့အခါ ရှက်ပြုံးလေးပြုံး၍ ကလူကျီစယ်ကြသည်...
စကျနာက်ကျရင်း တကယ်ပျော်ဖို့ကောင်းတဲ့ မနက်ခင်းလေး...
-
-
-
ဒါကစာအုပ်တွေထဲမှာပဲရှိမယ်...
လက်တွေ့ သင်္ကေတ ကတော့ ကိုယ့်ကျောင်းဝတ်စုံကိုယ်ပြန်ဝတ်ကာ နာကျင်မှုကိုထွေထွေထူးထူး ဂရုစိုက်မနေပဲအိမ်ပြန်ဖို့သာလုပ်နေသည်...
စစ်နောင် လဲထိုနည်းတူ..
မသိရင်သူတို့ဟာ တစ်ညတာဖြတ်သန်းခဲ့ဖူးတယ်ဆိုတာ ယုံနိုင်စရာပင်မရှိ..."မင်းအဖေဆူမယ်လို့ထင်လား?"
"အင်း...မသေချာဘူး"
"ငါခေါ်ထားတာလို့ပြောလည်းရတယ်နော်"
စစ်နောင် ပြောလိုက်တော့ သင်္ကေတ ပါးချိုင့်လေးပေါ်သည်အထိ ပြုံးကာ အနားလျှောက်လာသည်...
"ဘယ်လိုပြောရမှာလဲ? ထန်းစစ်နောင်က တစ်ညလုံးကျွန်တော့်ကို fuck နေတာလို့လား??"
စစ်နောင် သဘောကျစွာရယ်မောလိုက်ရင်း သင်္ကေတ ကိုခါးမှလှမ်းဆွဲဖက်လိုက်တာကြောင့် ခန္ဓာကိုယ်နှစ်ခုပူးကပ်သွားကာ အကြည့်ချင်းဆုံစေသည်...
မဝေးတော့တဲ့အကွာအဝေးမှာ တစ်ယောက်ကိုတစ်ယောက် စူးရှသောအကြည့်တို့ဖြင့် စစ်ခင်းနေကြတယ်...
"မင်းကိုတကယ်စွဲလမ်းမိသွားတယ် ဘယ်လိုလုပ်သင့်လဲ??"
"ဘာမှမလုပ်နဲ့...ရူးလောက်အောင် စွဲလမ်းသွားတဲ့ထိ ကျွန်တော်ကလုပ်မှာမို့လို့...အဲ့တိုင်းသာစွဲလန်းနေပေး"
စစ်နောင် သင်္ကေတ နှုတ်ခမ်းသားတို့အား တရှိုက်တမက်နမ်းကာ ငုံခဲလိုက်တော့ ကောင်လေး ကသူ့လည်တိုင်ကိုချိတ်တွယ်ကာ အနမ်းကြမ်းတို့ဖလှယ်လိုက်ကြသည်...
အငမ်းမရစုပ်ယူနေတာကြောင့် နှုတ်ခမ်းသားတွေပင်ပြတ်လုမတတ်...
အနမ်းကြားယစ်မူးနေသည့်သူတို့ဟာ ဘိန်းစွဲနေသည့်အလား...

YOU ARE READING
ETERNITY (BL×OC)
RomanceWarning ⛔️ Many parts including RatedM BL × OC version Sorry for bad writings and rude words 90°bow #Yoohyunee