7

6.5K 218 28
                                    

Zawgyi>>>

သင်္ကေတ ထိုင်ခုံတွင် ပျင်းရိစွာထိုင်ရင်း အပြင်ဘက်ကိုငေးနေမိတယ်...
ဆရာဘာသင်နေသလဲသူမကြားသလို စိတ်လဲမဝင်စားမိ...

သူသိတာ စစ်နောင် ကိုတွေ့ချင်သလို လွမ်းလဲလွမ်းနေသည်...

*ထန်းစစ်နောင်

စာရေးခုံပေါ်တွင် ဘောပင်ဖြင့် သူ့နာမည်အားရေးခြစ်လိုက်ရင်း ထိုနာမည်လေးကိုကြည့်၍ အလွမ်းဖြေနေရပြန်သည်...

တကယ်တော့ သင်္ကေတ ညကမှ သူနဲ့ club ရောက်ခဲ့သေးတာကို လွမ်းနေတာတော့ လွန်ရာကျမည်လား??

ကျန်တာတော့သူသေချာမသိပါ...
စစ်နောင် နဲ့တွေ့နေရသည့်အချိန်ကာလပတ်လုံးသည် သူ့အတွက် သဘောကျစရာကောင်းနေသည်မို့...

#From ထန်းစစ်နောင်

"ကျောင်းအပြင်ထွက်လာခဲ့ သင်္ကေတ"

Msg ကိုဖတ်ပြီးနောက် သင်္ကေတ မျက်နှာချက်ချင်းလင်းလက်သွားတာကို မြင်၍ ဆရာမျက်မှောင်ကြုံ့သည်...သူတစ်ခုခုပြောရန်ကြံသေး သင်္ကေတ ကလွယ်အိတ်ကိုဆွဲကာ အပြင်ပြေးထွက်သွားတာကြောင့် ဘာမှမပြောဖြစ်တော့...

ဒါက အခန်းထဲက roll နောက်ဆုံးပိတ် သင်္ကေတ ရဲ့ဖြစ်ရိုးဖြစ်စဉ်လေ...

သင်္ကေတ ကျောင်းအပြင်ကိုထွက်လာတော့ အနက်ရောင်ကားတစ်စီးက အဆင်သင့်စောင့်နေသည်...

ပုံမှန်ပြိုင်ကားအနီရောင်မဟုတ်ပဲ အပြင်ကနေဘာမှမမြင်ရအောင် အနက်ရောင်ကားကို လဲစီးလာတာ ဘာသဘောလဲတော့မသိ...

ကားမှန်ကိုခေါက်လိုက်တော့ တံခါးပွင့်လာကာ ချက်ချင်းပင်သူ့ခါးမှဆွဲယူ၍ ကားထဲဆွဲသွင်းခြင်းကိုခံလိုက်ရသည်...

"ကိုကို..."

သင်္ကေတ က စစ်နောင် ပေါင်ပေါ်တွင်ထိုင်လျက်သားဖြစ်နေပြီး မျက်နှာနှစ်ခုကလဲထိကပ်လုဆဲဆဲ...
စစ်နောင် လက်တို့က ကားတံခါးကိုလျင်မြန်စွာ lock ချပြီးဖြစ်နေပြန်သည်...

"အရမ်းလွမ်းတယ် သင်္ကေတ"

သင်္ကေတ ဘာမှမပြောနိုင်ခင်မှာပဲ စစ်နောင် ကသူ့ခါးကိုတင်းကြပ်စွာပွေ့ဖက်ရင်း နှုတ်ခမ်းသားတို့အား အကြမ်းပတမ်းငုံခဲပစ်တော့သည်...

You've reached the end of published parts.

⏰ Last updated: Jul 03, 2020 ⏰

Add this story to your Library to get notified about new parts!

ETERNITY (BL×OC)Where stories live. Discover now