2

6.1K 266 33
                                    

Zawgyi>>>

မိမိမျက်စိရှေ့မှ အလုပ်ရှုပ်နေသောအကောင်ပေါက်အား စစ်နောင် လေဘာတီအကြည့်တို့ဖြင့်ကြည့်နေသည်...

ကျောင်းသား...နာမည်ကဒ်နဲ့ဝတ်စုံကြောင့်သာယုံရတယ် ကျောင်းသားနဲ့တူတဲ့ လက္ခဏာတစ်ခုမှမရှိ...နေချင်သလိုနေ စားချင်သလိုစား...ပြောလိုက်ရင်လည်း အကောင်းတစ်ခုမှမပါ...

ဒါလဲမဆိုးပါဘူးဟု စစ်နောင် ကောက်ချက်ချလိုက်သည်...တကယ်တော့ မာယာတွေပြည့်နှက်နေသောလူမျိုးနှင့်သူလက်မထပ်ချင်ပါ...

လွတ်လွတ်လပ်လပ်နေတဲ့ဘဝကို သူနှစ်သက်ပေမဲ့ ကုမ္ပဏီကိစ္စတွေခေါင်းပုံလွှဲတော့မည့် အဖေ့ကြောင့်သာ လက်ထပ်ပွဲကိုလက်ခံလိုက်ရသည်...

နှစ်ဖက်မိဘသဘောတူထားတယ်ဆိုကတည်းက တစ်ဖက်ကလဲသူ့အကြောင်းသိရဲ့သားနဲ့ လက်ခံခဲ့ပုံထောက်ရင် ဒီအနှီလူသားဟာလည်း သိပ်ပြီးလိမ္မာတဲ့အစားထဲပါမည်မဟုတ်...

စစ်နောင် တွေးနေစဉ်မှာပဲ သင်္ကေတ သူ့နားရောက်လာကာ ဝိုင်နှစ်ခွက်ကိုလည်း လက်မှာကိုင်ထားသည်...

"ကျွန်တော်တို့မကြာခင်လက်ထပ်ရတော့မှာဆိုတော့ ပြောစရာတွေရှိလာမယ်လို့ထင်တယ်"

သင်္ကေတ မိမိလက်ထဲမှဝိုင်တစ်ခွက်အား လှမ်းပေးလိုက်တော့ စစ်နောင် ယူကာသောက်လိုက်သည်...
ထိုလူဟာအချိန်တိုင်းမူးချင်နေပုံ ဖြစ်ကောင်းဖြစ်နိုင်သည်...

သို့သော်...ဘယ်လောက်သောက်သောက်မမူးတာလဲ ဖြစ်ကောင်းဖြစ်နိုင်နေပြန်သည်လေ...

"ကိုစစ် ကဆိုးတယ်ဆို?"

"မင်းလောက်တော့မဟုတ်ဘူး"

စစ်နောင် စကားကို သင်္ကေတ သဘောကျစွာရယ်မိသည်...

"ဘာလို့?"

"ငါကအရွယ်ရောက်မှဆိုးတာ မင်းလိုအသက်မပြည့်ပဲ ယွစိထိုးနေတာမဟုတ်ဘူး"

သင်္ကေတ မျက်ရည်ပင်ထွက်သည်အထိ ဟက်ဟက်ပက်ပက်ရယ်မောနေတာကို စစ်နောင် ကြည့်ရင်း စုပ်သက်သည်...
သူကဆိုးတာမဟုတ်ပဲ ရူးနေတာလဲဖြစ်နိုင်သည်ဟူ၍...

"ကျွန်တော်ကအနည်းဆုံး လူမသတ်ဘူးလေ"

"လူသတ်တာကို ဆိုးတယ်လို့မင်းထင်လား?"

ETERNITY (BL×OC)Where stories live. Discover now