Uni
ချိန်းတဲ့နေရာရောက်တော့အကုန်လည်းကမှောင်မည်းနေတာပဲ...
"ကလေး...ကလေးရေ..."
"ဟင့်..ဦး...ကျန့်ကျန့်ကိုကယ်ပါဦး..
အ့..."ဟင်..က..ကလေး...
အသံပဲကြားနေပေမဲ့ဘာမှကိုမတွေ့ရ...
နောက်တော့...
"ဝမ်ရီပေါ်...ခြံအနောက်ဘက်ကရေကန်နားကိုလာခဲ့...."
အော်ပြောနေတဲ့အသံကြောင့်ချက်ချင်းပင်ရေကန်နားသိ့လာခဲ့သည်...
သို့သော်ဘာတခုမှမမြင်ရ...မှောင်လည်းမှောင်နေသည်....
"က..ကလေး...မင်းတို့ဘယ်သူလဲ...ဘာလို့ငါ့ကလေးကိုဖမ်းထားတာလဲ..ဘာလိုချင်လဲ..ပြော..မင်းတို့လိုချင်တာအကုန်ပေးမယ်..ငါ..ငါ့ကလေးကိုတော့ဘာမှမလုပ်ကြပါနဲ့ကွာ..."
ကိုယ်ကသာဲပြေယနေပေမဲ့ဘာသံမှမကြားရတာကြောင့်...
"ကလေး..က..ကလေး.ကိုယ့်ကိုအသံပေးပါဦးကွာ..."
"......."
အချိန်ကြာပေမဲ့...ဘာသံမှထွက်မလာတော့...
ရီပေါ်လည်းသဲပြင်ပေါ်ထိုင်ချရင်းသာငိုကြွေးတော့သည်...
"ငါတောင်းပန်ပါတယ်ကွာ..ငါ့ကလေးကိုပြန်ပေးကြပါ...မင်း..မင်းတို့ငါ့အသက်ယူချင်ယူပါ...ကလေးကိုတော့ဘာမှမလုပ်ကြပါနဲ့....ငါ..ငါတောင်းပန်ပါတယ်ကွာ..."
မျက်နှာကိုဒူးနဲ့အပ်ရင်းငိုကြွေးနေချိန်...
ရုတ်တရက်လင်းလာတဲ့အလင်းတန်းကြောင့်မော့ကြည့်လိုက်တော့....ရေကန်ရဲ့ကြည်လင်မှုအပေါ်မှာတောက်ပနေတဲ့မီးပန်းတွေ...