Chapter 13Z

305 17 4
                                    

🖤❤မုန်းတယ် Part13❤🖤

နွေးထွေးတဲ့နေရောင်ခြည်ကြောင့်ငှက်ကလေးတွေးနိုးထလာသည်နှင့်အသံစာစာ
ဟစ်ကြွေးရင်းကျွန်တော်မနက်
ခင်းတွေကိုနိုးထလာစေသည်။

ပြတင်းတံခါးဖွင့်ချိန် မနက်ခင်းရဲ့
လေနုအေးတွေရိုက်ခတ်လာတာကြောင့်အနွေးထည်ကို
ဆွဲထပ်ရင်းခြံထဲမှာCorratနဲ့
ပြေးလွှားရင်းလေ့ကျင့်နေတဲ့
သူ့ကိုတွေ့ရသည်။

❤၆နာရီခွဲပဲရှိသေးတယ်သူ
အစောကြီးထပြေးနေတာလား"

ချွေးတွေရွှဲနေတဲ့သူ့ကျောပြင်
နဲ့နဖူးကချွေးတွေကိုနေရောင်ထိ
သည့်အခါတိုင်းလင်းလက်သွား
တဲ့အခါထိုလူသားဟာကျွန်တော်မျက်စိရှေ့တင်အရွယ်ရောက်လာခဲ့ပြီပဲ။

ပြတင်းပေါက်မှာရပ်နေတဲ့ကျွန်တော်ကိုသူမြင်သွားသည်ထင်။

🖤P'saint နိုးပြီလား"

လက်တစ်ဖက်မြှောက်ပြရင်း
ခြံထဲကနေမေးနေသည်။

❤နိုးပြီကွ"
🖤ခဏစောင့်အုံး ကျွန်တော်ရေချိုးပြီးရင်မနက်စာစားဖို့လာခဲ့မယ်"
❤Ok ok"

ပြောပြီးအိမ်ထဲဝင်သွားတာမို့
ကျွန်တော်လည်းမျက်နှာသစ်
ရေချိုးဖို့လုပ်လိုက်သည်။

မသိစိတ်ရဲ့နှိုးဆော်မှုကြောင့်လားမသိသူ့ဘာလိုပုံစံလဲကျွန်တော်သိချင်တာကြောင့်အခန်းရဲ့
အပေါက်လေးကနေကြည့်မိသည်။

ချွေးတွေရွှဲနေသည့်သူ့စွတ်ကျယ်အင်္ကျီကိုချွတ်လိုက်တဲ့အခါမြင်လိုက်ရတဲ့သန်မာတဲ့ကြွက်
သားတွေ ညိုသောသူ့အသားရေနဲ့လိုက်ဖက်စွာ ခန့်ထည်နေလေသည်။

ထိုကောင်လေးအမည်က
Perth။Youngစံအိမ်တော်ရဲ့သခင်လေးPerthppe...

လုပ်ငန်းတော်တော်များများနဲ့သမီးရှင်တွေတိုင်းရဲ့မျှော်မှန်းစိတ်ကူးထားတဲ့အနာဂတ်သမက်လောင်း.....

သက်ပြင်းကိုမသိမသာချရင်း
အပေါက်မှဖယ်လိုက်မိသည်။
ငယ်ငယ်ကကျွန်တော်အနိုင်ကျင့်တိုင်းသူတစ်ယောက်ထဲဘာ
လုပ်နေမလဲသိချင်တာကြောင့်ဒီ
အပေါက်ဖောက်လိုက်တာကြောင့်ခုံခုကြည့်မှရသော်လည်း
ခုကျွန်တော်အရပ်ကခုံမလိုတော့ပေ။

🖤မုန်းတယ်❤(Z+UCompleted) Where stories live. Discover now