Chapter 1 Z+U

1K 36 2
                                    

🖤မုန်းတယ် part 1❤

🖤မထင်မှတ်ထားပဲရောက်ရှိခဲ့တဲ့မျက်နှာသစ်ပတ်ဝန်းကျင်မှာ
ရှင်သန်ဖို့ နွေးထွေးတဲ့မေတ္တာ
လိုအပ်ပေမယ့် မင်းမျက်ဝန်းက
အလိုမကျမှုတွေကိုမြင်တိုင်း
၉နှစ်အရွယ်ခလေးတစ်ယောက်
ရဲ့အထီးကျန်မှုတွေကိုငါမုန်း
တယ်.....

❤၁၂နှစ်လုံးငါနေခဲ့တဲ့ပတ်ဝန်းကျင်ကပိုင်ဆိုင်မှုတစ်ချို့ကိုမင်းဖဲ့ယူပြီးတဲ့နောက်ပိုင်းမင်းရဲ့ထီမထင်တဲ့အပြုံးတွေကိုမြင်တိုင်း
ငါမုန်းတယ်....

ကျွီးးးးးးးးးဒုန်းးး!

အမှတ်မထင်မြင်လိုက်ရတဲ့ မီးခိုး
ဖြူဖြူတွေနဲ့လောင်ကျွမ်းသွားတဲ့ကားတစ်စင်းရဲ့မြင်ကွင်းအောက်မှာလူဘယ်နှစ်ယောက်လောက်ကျဆုံးသွားခဲ့လည်း......
လက်မပြပဲထွက်ခွာသွားတယ်
ဆိုတောင်ရှင်သန်လာမှာမဟုတ်တဲ့ပတ်ဝန်းကျင်မှာခလေး
တစ်ယောက်ရဲ့ငိုရှိုက်သံတွေ
ကိုဘယ်သူဖေးမကူညီနိုင်လဲ...?
နှစ်ကိုယ်စာလောင်ကျွမ်းစေပြီး
တစ်ကိုယ်စာပူလောင်မှုတွေနဲ့
အသက်ရှင်ဖို့ဘယ်သူဖန်ဆင်းပေးခဲ့လည်း......?

#မုန်းတယ်

❤ငါ့နေရာငါ့ပတ်ဝန်းကျင်ကို
ခွဲဝေယူပြီး ငါ့ရဲ့အလိုမကျမှု
ှုတွေကိုအပြုံးမပျက်လက်ခံနေတဲ့မင်းရဲ့ထီမထင် အပြုံး.......!

🖤 ပါး......မားးး.....

ဒုန်းးးးးးးးးးးးးး

ကယ်ကြပါအုံး ကျွန်တော်
ပါးပါးနဲ့မားမားးးးးးးးးကယ်ကြပါ
မီးတွေ....မီးတွေ....ပါး..မား..!

❤မင်းသတိရလာပြီလား

မောဟိုက်မှုတွေ ဖွင့်ကျလာတဲ့
မျက်ဝန်းတွေရဲ့အကြည့်က အလိုမကျမှုတွေနဲ့ ဆေးရုံမျက်နှာချက်ဖြူဖြူအောက်မှာပိုက်ပေါင်းစုံထိုးစိုက်လို့ ဘာတွေလဲ ဘာကြောင့်လဲ......

❤မင်းကားအက်ဆီးဒင့်ကြောင့်
့ဆေးရုံရောက်နေတာ
🖤ဟင်....ငါ့ပါးပါးနဲ့မားမားရော
❤ သေပြီ! 😠

လူနှစ်ယောက်သေဆုံးခြင်းကို
အလွယ်တကူပြောထွက်နေတာ
အဲ့ဒီအသားဖြူဖြူခပ်ပါးပါးကောင်တစ်ယောက်ရဲ့ပါးစပ်ကတဲ့လား ..မျက်မှောင်ကျုတ်ပြီးလက်ပိုက်ထားတဲ့အဲ့ဒီလူသားရဲ့အကြည့်တွေမှာမနှစ်လိုမှုတွေကိုရှာဖွေနိုင်တယ် .စဉ်းစားစမ်းPerth မင်းဘာတွေဖြစ်ခဲ့တာလဲ?

🖤မုန်းတယ်❤(Z+UCompleted) Where stories live. Discover now