Chapter 10 Uni

179 13 0
                                    

မုန်းတယ် Part 10

အေးစက်စက် ဒီဇင်ဘာမို့
မြူနှင်းတွေဝေလို့ လမ်းဘေး
တစ်ဖက်တစ်ချက်စီကမျက်ရိပ်
ရှည်တွေမှာနှင်းရေတွေစိုနေ
တာကဆောင်းတွင်းမနက်ခင်း
ရဲ့နေရောင်ပြပြကြောင့်လင်း
လက်နေကာလှပတဲ့ပန်းချီကား
တစ်ချပ်နဲ့တူနေခဲ့သည်။

လက်ထဲကဒုတ်ကောက်ကို
လွှတ်ရင်းတုန်ချိချိကြိုးစား
လျှောက်နေတဲ့ခြေလှမ်းတစ်
ချက်တစ်ချက်ကယိုင်လဲမလို
စောင်းသွားလိုက်ပြန်ထိမ်းလိုက်
နဲ့ အေးမြတဲ့ဆောင်းရဲ့နှင်းတွေ
ကိုအန်တုရင်းထွက်လာတဲ့
ချွေးတွေကိုသုတ်ကာအလှပဆုံး
အပြုံးကနေမင်းရဲ့တောက်ပမှု
နဲ့အားပြိုင်ရင်တောင်ပိုလန်းဆန်းနေသေး......

လက်တွေဆန့်တန်းထုတ်ပေး
ထားတဲ့ကျွန်တော်စီကိုလာနေ
တဲ့ယိုင်နဲ့နဲ့အရိပ်ကလေးတစ်ခုကနှလုံးသားဗဟိုကိုဦးတည်
လျှက်....

ရောက်ခါနီးလက်တစ်ကမ်းအလို ယိုင်ကျသွားသည့်ခန္ဓာ
ကိုယ်ကိုထွေးပွေ့ရင်းကောင်လေးနှစ်ယောက်ရဲ့ သာယာဖွယ်
ရောမောသံတွေကြောင့်ဆောင်းမနက်ခင်းကကျက်သရေ
ရှိစွာလင်းလက်ခဲ့သည်။

နေရောင်ထွက်လာသည့်အချိန်
မှာတော့ချွေးတွေစိုရွှဲပီးမောပန်း
နေတဲ့ထိုကောင်လေးကိုအဖော်
ကောင်လေးမှဝှီးချဲပေါ်တွန်းပြီး
သစ်ပင်ရိပ်ကခုံတန်းလေးစီ
ထိုင်ကာစကားလက်စုံကျရင်း
အသားဖြူဖြူမသန်မမာကောင်
လေးတစ်ယောက်ရဲ့စိတ်ဝင်တစ်စားနားထောင်နေတဲ့မျက်ဝန်း
တောက်တောက်လေးတွေကိုတွေ့နိုင်သလိုပြောပြနေတဲ့တစ်
ခြားကောင်လေးကတော့ နာ
ကျင်မှုတွေကိုမဆန့်အင်ကာ
ဖွင့်ဖောက်သွန်ချနေသည်။

Yongစံအိမ်တော်ဆိုတာ
ခန်းနားထည်ဝါမှုတွေနဲ့စည်းစနစ်ကြီးတဲ့စံအိမ်တော်တစ်ခုပါ။

ထိုစံအိမ်ထဲကတစ်ချို့စည်းကမ်း
တွေဟာလူနေမှုပတ်ဝန်းကျင်
နှင့်ဆန့်ကျင်မှုရှိသလားမရှိသလားမသိပေမယ့်ဒဏ်ပေး
ဒဏ်ယူတစ်ချို့တွေကတော့
ရက်စက်တတ်သည်ပဲ။

ထိုစံအိမ်အလုပ်သမားအားလုံးကစံအိမ်သခင်ကြီးကိုကြောက်ရ
သလိုစည်းကမ်းကြီးလွန်းတဲ့သခင်မကိုလည်းလေးစားတန်ဖိုး
ထားကျိူးနွံကြသည့်အစေခံတွေ
ပေါများပါသည်။

🖤မုန်းတယ်❤(Z+UCompleted) Where stories live. Discover now