Chapter 4 uni

218 18 0
                                    

မုန်းတယ် Part 4

ရာသီစက်ဝန်းတို့ပြောင်းလဲခဲ့ပြီပဲ...
မိုးဦးကျခါနီးမို့ဖြောက်တောက်
တောက်မိုးစက်သံအောက်မှာ
မြေသင်းရနံ့နဲ့အတူ ခြံထဲကပန်း
ပေါင်းစုံရနံ့ကလေအဝှေ့မှာပြ
တင်းပေါက်ကတစ်ဆင့်အခန်းထဲထိလွှင့်ပျံလာလေသည်။ငြိမ့်ညောင်းညောင်းဂစ်တာသံသဲ့သဲ့နဲ့နိုးထလာတဲ့မနက်ခင်းကကြည်နူးစရာအတိ။

"အင်း......"

အပျင်းကြောရှည်ဆွဲဆန့်ရင်း
ပြတင်းပေါက်ဖွင့်လိုက်တော့
ခြံထဲကပိတောက်ပင်မှာပန်းတွေထိန်လို့.....

ဝရံတာဖက်ထွက်ခဲ့တော့ဆိပ်ဖလူးပန်းဖြူဖြူတွေဟိုဒီတစ်စ....
ခြံထဲကပန်းပေါင်းစုံဟိုတစ်စုဒီတစ်အုပ်အလှချင်းပြိုင်ရင်း.....
ထိုပန်းပေါင်းစုံတို့၏ဥယျာဉ်မှုး
Perthရဲ့ဂရုစိုက်မှုကြောင့်ဖြစ်
သည်။

မှန်သည်လေ သူရောက်လာပြီး
နောက်ပိုင်းပန်းပင်မျိူးစိတ်စပ်ရတာဝါတနာပါတဲ့perthကြောင့်အိမ်ကိုလာသမျှလူတိုင်းချီးမွမ်း
ကြတာ"အေးရိပ်ငြိမ်"ကနာမည်
နဲ့လိုက်အောင်အေးချမ်းသတဲ့။

ကျွန်တော်ကိုယ်တိုင်လည်းသဘောကျပါတယ်ပန်းလေးတွေကနူးညံ့သည်လေ။
(ဟိုကောင်ကိုကြည့်မရတာကလွဲလို့ပေါ့😞)

ကျောင်းပိတ်ရက်မို့ စောစောနိုး
လာသည်နှင့်မိုးရေစက်တွေနဲ့
နေရောင်ထိတွေ့ပြီးလင်းလက်
နေတဲ့သစ်ရွက်တွေလေအဝှေ့
မှာဖျန်းခနဲထိမှန်လိုက်တဲ့
ရေစက်တွေကိုခါကျခာစိတ်ထဲ
ကြည်လင်လန်းဆန်းဆဲမို့ခြံထဲဆင်းခဲ့ရင်းပန်းရနံ့တွေရှုရိူှုက်
မိတဲ့သူဌေးလေးSaint......

ဟာ...ရှုး....ရှုးးးးးးး
သြား....ငါ့နားမလာနဲ့...အားးး!

ပန်းခြံထဲကအရောင်စုံပန်းတွေကြောင့်ထင် လိပ်ပြာကြောက်တတ်တဲ့saintဘေးမှာ
ပျံဝဲနေတဲ့လိပ်ပြာငယ်တွေ။

တစ်ခြားသူတွေဘယ်လိုတွေးမလဲမသိပေမယ့်ကျွန်တော်ကတော့ထိုသတ္တဝါတွေကိုအရမ်း
ကြောက်မိသည်။

အား....သြားပါဆို ဝေးဝေးကို

ပျံဝဲနေတဲ့သူတို့ကိုရှောင်ရင်း
နောက်ပြန်လျှောက်မိချိန်
သစ်သားခုံနဲ့တိုက်မိပြီးဖင်ထိုင်
အက်....

🖤မုန်းတယ်❤(Z+UCompleted) Where stories live. Discover now