အပိုင်း ၁၁

10.4K 929 10
                                    

[Zawgyi]

AN/ ပြန်လာပါပြီ...😁😁 ဂရုတစိုက်လာမေးပြီး စိတ်ပူပေးတဲ့သူတွေအကုန်လုံးကို ချစ်ပါတယ် စောင့်ပေးကြလို့လည်း ကျေးဇူးပါရှင့် အခုကစပြီး daily update ပေးမယ်🤗 ကြိုက်တယ်မို့လား😁
ကလေးနှစ်ယောက်ကို မမေ့သေးဘူးမလား 🤗
ဆက်ပြီး ဖတ်ပေးကြပါအုံးနော်😘 vote လေးရော ဟီးဟီးးး
..
..

"Yi... Yibo.. "

လည်ပင်းကြောများထောင်ကာ ဒေါသထွက်နေပုံရတဲ့  Yibo ကိုမြင်တော့ မန်နေဂျာအမ တော်တော်လေး လန့်သွားတယ်

"သူက ခင်ဗျား ထိလို့ရတဲ့သူမဟုတ်ဘူးးး"

"Y... YB.. .. Group က သခင်လေးးးးမဟုတ်လားး Xiao Zhanနဲ့ဘယ်လို....ပတ်သက်..."

"ခင်ဗျားနဲ့ပြောဖို့အချိန်မရှိဘူးးး"

Xiao Zhan လက်ကိုဆွဲကာ အပြင်ကိုဆွဲထုတ်လာခဲ့တယ်..

"Yi... Yibo.. . လွှတ်ပေးအုံးးအရမ်းနာနေပြီ...Yi.. "

"ကျစ်...ခင်ဗျားးမှာ လက်မပါဘူးလား ပါးစပ်ကောမပါဘူးလား...ဘာကိစ္စနဲ့ငြိမ်ခံနေရတာလဲ"

"အဲ့တာငါ့ကိစ္စပါ..."

"ခင်ဗျားကိစ္စ...ခင်ဗျားကိစ္စ...အေးဟုတ်တယ်...ခင်ဗျားကိစ္စကို ဘာကိစ္စ ဒီကကောင်က ဝင်ပါချင်နေရတာလဲ...ဟမ်... ခင်ဗျားးသိလားးဖြေစမ်းပါ..."

Yibo ဒေါသထွက်ကာ Xiao Zhan တစ်ကိုယ်လုံးကို အတင်းဆွဲညှစ်လှုပ်ယမ်းကာမေးလိုက်တယ်

နဂိုကတည်းက အားနည်းနေတဲ့ Xiao Zhan က ဘယ်လိုမှ အတင်းရုန်း၍မရ တော်တော်လေး နာကျင်နေပြီး ပျော့ခွေလာတယ်...

"Xiao Zhan.. . . ခင်ဗျားးနေမကောင်းဘူးလား..
Xiao Zhan.. . . "

ပြောနေရင်းပင် Yibo ကိုယ်ပေါ် ပုံကျလာတဲ့ ခန္ဓာကိုယ်လေးကို အမြန်ပွေ့ချီလိုက်ပြီး ကားပေါ်တင်ကာ အလျင်းမောင်းထွက်လိုက်တယ်

Yibo ဆေးရုံသို့မသွားပဲ အိမ်ကိုပဲခေါ်လာလိုက်တယ်

"သားးးဘာဖြစ်လာတာလဲ..ပြသနာဖြစ်လာတာလား သူကကော.."

"ပြီးမှသားရှင်းပြမယ်...အားးမိန်းးးဒေါက်တာကိုချက်ချင်းလာဖို့ပြောလိုက်..."

"ဟုတ်ကဲ့ အကိုလေးး"

..

"လူနာက အားအရမ်းနည်းနေတယ်...ကြည့်ရတာ သူအနားမယူပဲ ရက်ဆက်မအိပ်ထားပုံပဲ.. အားဆေးသွင်းပေးထားတယ်..ခုတော့သူ့ကိုပေးအိပ်လိုက်အုံး"

Something Wrong (Completed)Where stories live. Discover now