[Zawgyi]
"ကိုကို.."
"ဘာလို့အဲ့လောက်သောက်လာတာလဲ...."
Yibo တစ်ကိုယ်လုံး Xiao Zhan ကိုယ်ပေါ်ပစ်မှီထားကာ မျက်လုံးပင်ကောင်းကောင်း မဖွင့်နိုင်အောင် မူးလာသည်
"ဒီကိုပဲအတင်းသွားမယ်ပြောနေလို့ခေါ်လာတာ သူ့ကို အထဲအရင်ပို့ရအောင် "
"ဟု..ဟုတ်..."
Yibo ကို ကုတင်ပေါ်တွင်တင်ကာအိပ်စေလိုက်သည်
"အကိုက Yibo ရဲ့အကိုဝမ်းကွဲ Zhou YiXuan ပါ"
"အော်...ဟုတ်ကဲ့..ဒါနဲ့ Yibo ကဘယ်လိုဖြစ်လို့ဒီလောက်လူမှန်းမသိအောင်ထိမူးလာရတာလဲ ဘာဖြစ်လာတာလဲ"
"အဲ့တာက..."
YiXuan ပြောပြမလို့ပေမယ့် Yibo ရဲ့ပြောစကားက နားထဲဝင်လာတယ်
"ဒီကိစ္စကို သူသိလို့မဖြစ်ဘူး သူသိရင် သေချာပေါက် လမ်းခွဲပေးပြီးထွက်သွားမှာ ကျွန်တော်သူ့ကို ဘယ်လိုမှအဆုံးရှုံးမခံနိုင်ဘူး လောလောဆယ် ကြီးကြီးသူ့ဆီ မရောက်လာနိုင်အောင် ကူညီပေးပါ...ဘယ်လိုနည်းနဲ့မှသူ့ကိုပေးမသိပါစေနဲ့ ကျွန်တော် မရရတဲ့နည်းနဲ့ သူ့ကိုပိုင်ဆိုင်ဖို့ကြိုးစားမှာမလို့..."
...
"ဘာမှမဟုတ်ပါဘူး အကို့အမေက သူအိမ်ပြန်မအိပ်တာ ဆူလိုက်လို့ စိတ်ညစ်ပြီးသောက်တာပါ သိပ်လည်းစိတ်မပူပါနဲ့ မိုးလည်းချုပ်ပြီဆိုတော့ အကိုပြန်တော့မယ် မနက်ကျ သူ့ကိုဆေးရုံလာတွေ့ဖို့ပြောပေးပါ.."
"ဟုတ်ကဲ့...ကောင်းကောင်းသွားပါအကို.."
..
"ကိုကို..."
"အင်းးနိုးနေတာလား...ကိုကိုအမူးပြေ ဟင်းရည်လေးလုပ်ပေးထားတယ် မျက်နှာသစ်ပြီးထွက်ခဲ့နော်"
"ကိုကို ကျွန်တော့်ကိုခနလောက်ဖက်ထားပေးပါ့လား"
Yibo လက်လေးကားကာ ကလေးလေးလိုပြုမူလိုက်တယ်
Xiao Zhan ကုတင်ပေါ်ဘေးတစောင်း ထိုင်လိုက်ကာ ဖက်ထားလိုက်တယ်
"လာ....ကလေးလေးကျနေတာပဲ ကိုယ့်အဒေါ်ကကောင်းစေချင်လို့ ဆူတာပဲ ဘာလို့စိတ်ဆိုးရတာလဲ..."
![](https://img.wattpad.com/cover/228208441-288-k322856.jpg)
STAI LEGGENDO
Something Wrong (Completed)
Fanfiction"ကိုယ့်အတွက် ကျန်တာမလိုအပ်ဘူးးး ကိုယ့်အနားကမင်းထွက်မသွားဖို့ပဲလိုတယ် "