[Zawgyi]
ဆေးရုံရဲ့ခွဲစိတ်ခန်းထဲတွင် အသက်လုနေရသော
ကောင်လေးတစ်ယောက် သတိကင်းမဲ့စွာ ရှိနေသည်ခွဲစိတ်ခန်းပြင်ပတွင်လည်း စိုးရိမ်တကြီးနှင့် တစ်ကိုယ်လုံး သွေးများပေကျံနေကာ
အထဲကကောင်လေးဘာမှမဖြစ်ရန်သာ ဆုတောင်းနေသောကောင်လေးတစ်ယောက်ဆရာဝန်ပြောသွားတာက အရှိန်နဲ့ထိုးမိလို့ ဒဏ်ရာကနက်တယ်တဲ့ ဒါ့အပြင် ထပ်ပြီးပုလင်းကွဲကိုပြန်ဆွဲထုတ်မိလို့ သွေးထွက်လွန်ပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်တဲ့
လောလောဆယ်သူ့အတွက်သွေးလိုအပ်နေတာတဲ့
သူကိုယ်တိုင်ကလည်းသွေးမတူလို့ လှူလို့မရYibo သွေးကိုဘယ်ကရှာပေးရမှန်းမသိ လူကလည်း စိတ်နဲ့ကိုယ်နဲ့မကပ်တော့ တစ်ယောက်တည်း ဘာကိုမှစဉ်းစားလို့မရ
"YiXuan ကော ကူညီပါအုံးးးး"
အသံများတုန်ယင်ကာ တောင်းဆိုလာတဲ့အသံကြောင့်
YiXuan တို့ဆေးရုံကိုအမြန်လိုက်လာခဲ့ကြတယ်"Yibo...မင်းဘာမှမဖြစ်ဘူးမလား Xiao Zhan အခြေအနေရော..."
"သားးး Yibo ကြီးကြီး တောင်းပန်ပါတယ်...ကြီးကြီးကြောင့်..."
"သူ...သူသွေးလိုနေတယ်....Xuan ကော ကိုကို့ကိုကယ်ပေးပါ ကိုကို့ကိုကယ်ပေးပါဗျာ..."
မျက်ရည်များရွှဲကာ အားကိုးတကြီးတောင်းဆိုလာတဲ့ တူကိုတွေ့လိုက်ရတော့ အဒေါ်တစ်ယောက်အနေနဲ့ ကိုယ့်ကြောင့်ဖြစ်ရတော့ ရင်နာရပါတယ်
"သူလိုနေတာဘာသွေးလည်း Yibo"
MaiYi ကယိုင်လဲတော့မယ် Yibo ကိုထိန်းရင်းမေးလာတယ်
"A... Aသွေးးး..."
"သားးးလိုနေတဲ့သွေးကို ကြီးကြီးလှူပါရစေ...
ကြီးကြီးအမှားအတွက် တောင်းပန်တဲ့အနေနဲ့ လှူခွင့်ပေးပါလားသား..."".."
Yibo ကြီးကြီးကိုမကြည့်ပဲ စကားတစ်ခွန်းမှမဆို နှုတ်ပိတ်နေခဲ့တယ် သူစိတ်တိုသင့်တယ်မဟုတ်လား ကြီးကြီးကြောင့် ကိုကိုအခုလိုဖြစ်ရတာလေ
"Yibo အချိန်မရှိတော့ဘူး....သွေးကလည်းရှာလို့မလွယ်ဘူး ပြီးတော့ မားကလည်း သူမှားတာသိသွားပါပြီ နောက်ပြီး မင်းတို့ကိုလည်းမခွဲတော့ပါဘူး"
YOU ARE READING
Something Wrong (Completed)
Fanfiction"ကိုယ့်အတွက် ကျန်တာမလိုအပ်ဘူးးး ကိုယ့်အနားကမင်းထွက်မသွားဖို့ပဲလိုတယ် "