FTC - 6 S2

1.6K 259 106
                                    


"Ray! ကြားလား ငါ တည်နေရာပြောမယ် ရဟတ်ယာဉ်လွှတ်ပေး။ John မင်းက ရဟတ်ယာဉ်ဆင်းလို့ အဆင်ပြေမယ့် နေရာရှာပြော ဒီနယ်ကို ငါမကျွမ်းဘူး.. "

တည်နေရာကို ပြောပြလိုက်ပြီးပေမယ့် ဈေးတဈေးလုံးအနှံ့ ဖြန့်ကျက်ထားသည့် ဗီယက်နမ်စစ်တပ်မမြင်အောင် ထွက်ဖို့ကတော့ မဖြစ်နိုင်ပေ။

"Andy  Smoke bomb ပေး"

"ဘာလုပ်မလို့လဲ ဟိုက်ခွမ်း။ မီးခိုးဗုံးဖောက်လိုက်ရင် သူတို့ကို အသိပေးလိုက်သလိုဖြစ်ပြီ.."

"အခုလဲ ကျွန်တော်တို့ ပိတ်မိနေတာလေ။ ဒီနေရာကနေ သူတို့မမြင်အောင်ထွက်ဖို့ မဖြစ်နိုင်ဘူး။ ယှဉ်တိုက်ဖို့လဲ အင်အားချင်းမမျှဘူး။ အဲ့ဒီတော့ သူတို့အမြင်ခံပြီး ကိုယ်လွတ်ရုန်းပြေးကြည့်မလား၊ မီးခိုးဗုံးလေးဖောက်ပြီး အကာအကွယ်တခု အနေနဲ့ပြေးမလားဆိုတဲ့ နှစ်လမ်းပဲရှိတယ်။ နောက်တစ်ခု ကျွန်တော်တို့ဘက်က တပ်လှန့်လိုက်ပြီဆို ဈေးထဲက ဒုစရိုက်သမားတွေနဲ့ စစ်သားတွေအပြန်အလှန် ပစ်ခတ်တော့မှာ ဒါဆိုရင် လွတ်လမ်းနဲနဲရှိတယ်.. "

ထို့နောက် ဟိုက်ခွမ်း အကြံပြုသည့်အတိုင်း မီးခိုးဗုံးပစ်ဖောက်ပြီး သေနတ်သံ တစ်ချက်ပေးလိုက်သည်နှင့် စစ်သားတွေက Andy တို့ရှိရာ စတင်ပစ်ခတ်လာသည်။ မီးခိုးတွေကြားထဲ ရမ်းသန်းပစ်ခတ်ရသည်မို့ မလွှဲသာမရှောင်သာ အရောင်းအဝယ်သမားတွေကို ထိမှန်သည့်အခါ မှောင်ခိုဈေးကွက်က လူမိုက်တွေနှင့် ဗီယက်နမ်စစ်သားအဖွဲ့၏ အပြန်အလှန် ပစ်ခတ်သံတွေက နားကွဲလုနီးပါးပင်ဖြစ်သည်။ ထိုနေရာမှ Daichi ကိုခေါ်ဆောင်ကာ ခြေကုန်သုတ်ပြေးလာချိန် ကပ်ပါလာသော လူတစ်ယောက်ရှိနေပြီး ထိုလူက ကွန်ဟိုပင်ဖြစ်သည်။

"ဟိုက်ခွမ်း Andy မင်းတို့သွားနှင့်။ အဲ့ဒီကောင်ကို ငါထိန်းထားခဲ့မယ်.. "

"ငါပါ နေခဲ့ရမလား ကျန်းချန်"

"မလိုဘူး ဟိုက်ခွမ်း ညစာစားပွဲမှာကတည်းက သူ့ကိုကြည့်မရတာ အခုပိုဆိုးသွားပြီ။ စောက်ခွက်ရိုက်ချင်လို့ ငါနေခဲ့မယ် သွားနှင့်.."

"အိုကေ.."

Andy က သဘောတူလိုဟန်မရှိသော်ငြား ဟိုက်ခွမ်းဆွဲခေါ်မှုကြောင့် ပါသွားခဲ့ပြီး မိမိကတော့ ကပ်ပါလာသည့် ကွန်ဟိုကိုစောင့်နေခဲ့သော်ငြား ပေါ်မလာခြင်းကြောင့် မျက်ခြေပြတ်သွားလေသလားဟု ကျန်းချန်တွေးရင်း အနောက်သို့လှည်ကြည့်လှည့်ကြည့်ဖြင့် လျှောက်လာမိသည်။ ထို့ကြောင့် အရှေ့ဘက်မှ တံခါးတစ်ချပ်ပွင့်လာသည်ကို သတိထားမိချိန်မှာတော့ နောက်ကျသွားခဲ့ပြီ ဖြစ်၏။

Follow The CommandWhere stories live. Discover now