FTC - 5

4.5K 660 208
                                    

မျက်နှာတပြင်လုံးရဲတွက်ကာ ခေါင်းကိုငုံ့၍ အပြေးတပိုင်းနီးပါးပြေးထွက်သွားသည့် ဝမ်ရိပေါ်နောက်ကိုလိုက်ကြည့်နေသည့် မျက်လုံးတွေက ဝမ်ရိပေါ်ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် ရှောင်းကျန့်ထံသို့ပြန်ရောက်လာကြသည်။

"ဘာဖြစ်လို့ငါ့ကိုကြည့်နေကြတာလဲ။ ငါပြောလိုက်တာမှားပြန်ပြီလား"

"မဟုတ်ပါဘူး ဒီတခါမင်းမှန်တယ် ရှောင်းကျန့်။ အဲ့ဒီကလေးက Team တခု ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သေချာသိထားသင့်တယ်"

"ကျန်းချန်ပြောတာ ငါထောက်ခံတယ်။ ဒါပေမယ့်တဖြည်းဖြည်းနဲ့ ပြောင်းလဲယူရမှာပေါ့ Sniper သမားကအသင်းအဖွဲ့နဲ့လှုပ်ရှားတာမျိုးက အရမ်းနည်းတယ်လေ။ individual လှုပ်ရှားရတာများတော့ ဒါကိုရိ​ပေါ်အကျင့်ပါနေတာ ဖြစ်ပါလိမ့်မယ်"

ကျန်းချန်စကားကိုထောက်ခံကာ ဟိုက်ခွမ်းပါဝင်ပြောလာတော့ ရှောင်းကျန့်ခေါင်းအသာယမ်းပြလိုက်သည်။

"မင်းပြောတာကို ငါနားလည်ပါတယ်ဟိုက်ခွမ်း။ ဒါပေမယ့် အသက်နဲ့ရင်းရတဲ့အလုပ်မှာ ဒီလို solo တွေကအံဝင်ခွင်ကျမဖြစ်ဘူး။ တဖြည်းဖြည်းချင်းကျင့်ယူ​ပေးဖို့ဆိုတာထက် တခါတည်း​ပြောထားတာက ပို​ကောင်းတယ်လို့ ငါထင်တယ်။ ဒီနေ့အဖြစ်အပျက်ကနေ သူသင်ယူစရာရသွားပါစေလို့ပဲငါဆုတောင်းတယ်။ ငါပြောလိုက်သမျှကသူ့အတွက်ချည်းပဲ။ Me ဆိုတဲ့ငါစွဲဝါဒဖြစ်နေတဲ့သူ့ကို We ဆိုတဲ့ငါတို့ဆိုတဲ့ အတွေးဖြစ်လာတဲ့အထိ ပြောပြပေးဖို့ ငါတို့မှာတာဝန်ရှိတယ်။ Me to We ပေါ့ကွာ..."

"အ​တော်လေးတော့ ရှက်သွားတဲ့ပုံပဲ။ ကဲပါကွာ တခွက်လောက်သွားသောက်ရအောင် ဒီနေ့ငါတို့ပြန်တာစောမယ်မဟုတ်လား"

"ဝမ်ချောင့်ခေါင်းထဲမှာ အရက်ပုလင်းတွေပဲရှိနေတာနဲ့ တူတယ်..."

"ငါ့ကိုအဲ့ဒီလိုမပြောနဲ့ကျန်းချန်။ ပြီးရင်မင်းတို့ပဲကြွက်တွင်း ဒါပဲ ငါသွားနှင့်မယ်။ lucky ကိုရေချိုးပေးရဦးမယ်"

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

နေထိုင်အသက်ရှင်လာတလျှောက် တခါမှဒီလောက်မရှက်ခဲ့ဖူး။ဘရှောင်းကျန့်ကောပြောလိုက်တာကို ရှက်တာမဟုတ်ပဲ တကိုယ်ကောင်းဆန်ပြီး သူများအပေါ်မယုံကြည်ပေးနိုင်ခဲ့တဲ့ မိမိလုပ်ရပ်အတွက် ကိုယ့်ဘာသာရဖျက်​နေခြင်းပင်။အနိုင်ရလိုဇောတခုသာ ရင်ထဲစွဲနေခဲ့ပြီး ဘယ်သူ့အတွက်ကိုမှ မတွေးခဲ့ပေးဖူးတဲ့ လုပ်ရပ်အတွက်ရှက်လွန်းလို့ ပြန်လို့ရသည့်အချိန်ရောက်သည်နှင့်နေထိုင်ရာအဆောင်ဆီ တန်းပြန်လာကာ အခန်းဖော်တွေကိုလည်း မျက်နှာချင်းမဆိုင်ရဲတာကြောင့် အိပ်စင်အပေါ်ထပ်​လေးမှာ တက်အိပ်နေခဲ့သည်။

Follow The CommandWhere stories live. Discover now