FTC - 6

5K 697 426
                                    

အဲရစ်ရဲ့နောက်ဆုံးခရီးပြီးသွားတဲ့နောက်နေ့ ရိပေါ်နားနေခန်းရောက်လာချိန်ထိ မည်သူ့ကိုမှမတွေ့သေး။ အစောကြီးရောက်လာမိပြန်ပြီးဟုတွေးကာ မကိုင်ရတာရက်ပိုင်းခန့်ကြာမြင့်သွားပြီဖြစ်သည့် လက်စွဲတော် Sniper လေးယူ၍ သန့်ရှင်းရေးလုပ်နေတုန်းမှာပင် ခပ်တိုးတိုးခြေသံနဲ့အတူ တခုခုကအနားရောက်လာသည်။ ထိုတခုခုက လပ်ကီး.....ကိုက်ချီလာတဲ့ဘောလုံးလေးတလုံးကို ခြေရင်းနားချလိုက်ကာ ပထမဆုံးအကြိမ်တွေ့စဉ်ကလိုပင် ခေါင်းလေးငဲ့ကာကြည့်နေသည်။

"ဘောလုံးကစားချင်လို့လား လပ်ကီး...?"

စကားမပြောတတ်သောသတ္တဝါလေးပေမယ့် တအိအိနဲ့ပြုလာတဲ့ အသံလေးက ကစားချင်တယ်လို့ပြန်ဖြေလိုက်သလိုပင်။ ထို့ကြောင့် ဘောလုံးကိုကောက်ယူလိုက်ကာ...

"အိုကေ လပ်ကီး သွားကြမယ်။ ဒါပေမယ့်အကြာကြီးမရဘူးနော်။ မင်းရောက်နေပြီဆိုကတည်းက ဝမ်ချောင်ကောလည်းရောက်နေမှာဖယ သိပ်မကြာခင် ကျန့်ကောလည်းရောက်လာတော့မှာ။ ငါတို့နှစ်ယောက်အဆော့မက်နေရင် အဆူခံထိမယ်နော်"

ပြောသမျှကိုနားလည်သည့် ဟန်ပန်များကို လပ်ကီးရဲ့မျက်လုံးတွေထဲမြင်နေရသည်မို့ သဘောကျစွာခေါင်းလေးကိုထပ်ပွတ်သပ်လိုက်ပြီးနောက်...

"Let's go buddy"

စကားဆုံးသည်နှင့် လက်ထဲက​ဘောလုံးကို ဆွဲလုကာ လပ်ကီးက ရှေ့ကနေဦး​ဆောင်​ပြေးထွက်သွားသည်။ လပ်ကီးက တကယ့်ကိုလိမ်မာပါးနပ်တဲ့ခွေးလေးဆိုတာ ယုံမှားသံသယ ရှိစရာမလို၊ မျက်နှာချင်းဆိုင်ရပ်ကာ ကြားထဲမှာ ဝါး၂ရိုက်စာခန့်အကွာအဝေးခြားထားပြီး ဒီဘက်က မိမိပစ်လိုက်တဲ့ဘောလုံးကို ဟိုဘက်ကနေမြေပြင်ဆီ မရောက်ခင် ပါးစပ်နဲ့မိအောင်ကိုက်နိုင်သည်။

ကစားနေရင်းနဲ့မောလွန်းလို့ ပြေးလမ်းမပေါ် ​နေပူကြီးထဲ လှဲချအမောဖြေ​နေချိန်မှာပင် လပ်ကီးက​ပြေးလာကာ လည်ဂုတ်အကျီင်္စက​နေ တရွတ်တိုက်ဆွဲ၍ ​နေရိပ်ရှိရာသို့ ဥွးတည်​နေသည်။ တင်းခနဲဖြစ်သွားသည့် လည်ပင်းစကိုဆုပ်ကိုင်၍

"အားးးးး လပ်ကီး ငါလည်ပင်းအစ်နေပြီလေ။ လာပါဦးတော်လိုက်တာ။ ဘယ်သူသင်ပေးထားတာလဲ မင်းသခင်လား"

Follow The CommandWhere stories live. Discover now