အပိုင်း(၄)

92 13 0
                                    

Zawgyi

အတိတ်တွေကမှုန်ဝါးနေပေမယ့် ကျွန်တော်နဲ့Joong ရဲ့ မလှပ တဲ့အချစ်ဇာတ်လမ်းကြီးကတော့ ဘယ်တော့မှပျောက်ပျက်သွားမှာမဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်က မမေ့ဖျောက် နိုင်တာဆိုပို
မှန်ပါလိမ့်မယ်

Joong ကလူဆိုးလေးဗျ ကျောင်းတုန်းကဆို သူကကျွန်တော့ရဲ့အရိပ်လိုကပ်တွယ်နေတာ ကျွန်ကလည်း အမေမုဆိုးမကြီးရဲ့လုပ်စာကိုထိုင်မစားရက်တာနဲ့ ကျောင်းက ဂျူနီယာလေးတွေကို Guide သဘောမျိုးစာပြန်ပြပေးတော့ သူကကျွန်တော့်ဆီမှာ Guide လာတတ်တယ်ဗျ ပြီးတော့သူကစာမလိုက်နိုင်လို့Guideချိန်ပိုပေးပါ ပိုက်ဆံပိုပေးပာ့မယ်ဆိုပြီးကျွန်တော့ဆီက အချိန် 5:00 တောင်ယူခဲ့တာဗျ သူသိတဲ့စာတွေကောမသိတဲ့စာတွေပါရှင်းပြရတာပေါ့ဗျာ ကျွန်တော်သိပါတယ် သူနဲ့ကျွန်တော်က အခြေနေချင်းမတူဘူးဆိုတာကို မမှီတဲ့ပန်းကိုလည်း တုံးခုပြီးမလှမ်းချင်ပါဘူး သူနဲ့ကျွန်တော်နဲ့ရင်းရင်းနှီးနှီးဖြစ်လာတာကို့ သူ့အိမ်က သဘောကျပုံမပေါ်ဘူး တစ်ခါတစ်ခါ သူ့အိမ်မှာသွားသင်ရတဲ့နေဆို သူ့ရဲ့ အမေရဲ့ စောင်းပြီးတော့တစ်မျိုး တည့်တစ်မျိုး ကျွန်တော်တို့ရဲ့ရင်းနှီးမှုကို သူဘဝင်မကျကြောင်းပြောတတ်တယ် ပြီးတော့ကျွန်တော် Joong နဲ့တတ်နိုင်သမျှရှောင်ခဲ့တယ် မအားတော့လို့ဆိုပြီး Guide ချိန်တွေပါလျှော့လိုက်တယ် ကျွန်တော်ရှောင်လေ သူကပိုတိုးလေဖြစ်လာပြီး သူ့အိမ်နဲ့ပါသူအဆင်မပြေဖြစ်လာခဲ့တယ် နောက်တော့သူ့အမေက ကျွန်တော့ကိုခေါ်တွေ့တယ် သူ့သားကိုနိုင်ငံခြားပို့ဖို့နဲ့ သူ့သားဘေးကအပြီးထွက်သွားဖို့ခေါ်ပြောခဲ့တယ် အဲ့ကိစ္စကိုသိတော့ Joong က ပိုဆိုးလာပြီးအိမ်ပေါ်ကနေဆင်းတဲ့အထိဖြစ်လာတယ်
သူ့အမေကလည်း သူ့သားဒီလိုဖြစ်ရတာကျွန်တော့ကြောင့်ဆိုပြီး ကျွန်တော့အိမ်ရှေ့မှာ လာပြီး ကျွန်တော်က ချူစားတဲ့ကောင် ပိုင်းလုံးကောင် ယောက်ျားချင်တောင်အလွတ်မပေးပဲ သွေးဆောင်ဖြားယောင်းတဲ့ကောင် စသည်ဖြင့်မျိုးစုံပြောဆိုသွားတော့ ကျွန်တော့အမေဆိုရှက်လို့အိမ်ထဲက အိမ်ပြင်တောင်မထွက်ဘဲ ကျွန်တော့စိတ်နဲ့ပဲ နဂိုက ကျန်းမာရေးမကောင်းတဲ့အမေကအိပ်ယာထဲလဲခဲ့တယ် ဒီပြသနာကမပြီးသေးဘူး အဖေ့ရဲ့အကျွေးရှင်တွေကလည်းအိမ်ကိုလာပြီး ဝုန်းဒုန်းကြဲအကျွေးလာတောင်းကြသေးတယ် အဲ့ဒါနဲ့ကျွန်တော်တို့လက်ရှိနေတဲ့အိမ်လေးကိုပေါင် ပြီး အကျွေးဆပ်လိုက်ရ သေးတယ် သိပ်မကြာခင်မှာ အမေဆုံးသွားခဲ့တယ် ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပါပဲ အိမ်ကလည်းဆုံး အမေကလည်းဆုံးဆိုတော့ ကျွန်တော်နဲ့ N'Gun မှာရူးမလောက်ပါပဲဗျာ ကျွန်တော် ရဲ့ အချစ်ဆုံးသူငယ်ချင်း Gulf က ကျွန်တော်တို့ညီအစ်ကိုကိုသူ့အိမ်မှာခေါ်ထားခဲ့တယ် သူတို့မိဘတွေက ချင်းမိုင်မှာနေတော့ သူ့အိမ်မှာ သူနဲ့ညီမPink ပဲရှိတယ် အဲ့အချိန်မှာ Joong က ကျွန်တော့ကို တွေ့ဖို့အမျိုးမျိုးကြိုးစားပေမယ့် ကျွန်တော့်ဘက်က သူ့ကိုရှောင်နေခဲ့တယ် ကျွန်တော့လိုကံဆိုးနေတဲ့ကောင်ကို အိမ်ပေါ်ခေါ်တင်ထားတဲ့ Gulf အတွက်လည်းဂြိုလ်ဆိုးဝင်ခဲ့တယ် pinkမှာကိုယ်ဝန်ရှိနေပြီတဲ့ pink ကဘယ်သူနဲ့ရတယ်ဆိုတာမပြောသလို Pink မှာနှလုံးရောဂါ အခံကလည်းရှိတော့ Gulf ကလည်း တိုက်တိုက်တွန်းတွန်းမမေးခဲ့ဘူး ဒါပေမယ့် Gulf ဝမ်းနည်းနေတာကိုတော့ကျွန်တော်သိတယ် ကျွန်တော် Gulf ဆီကနေ ကျွန်တော်ခွင့်တစ်ခုတောင်းခဲ့တယ် ကျွန်တော် pink ကိုလက်ထပ်ပြီး ကလေးရဲ့အဖေဖြစ်ခွင့်ပေးပါလို့ ကျွန်တော်ပြောလိုက်တော့ Gulfရဲ့မျက်နှာတစ်ခဏအရောင်လက်သွားတယ် ကျွန်တော်သိပါတယ်သူဝမ်းသာသွားတယ်ဆိုတာကို သူ့လည်းသူ့မိဘတွေ ဆွေမျိုးတွေနဲ့ပတ်ဝန်းကျင်ကို မျက်နှာပြဝံဖို့ဆိုရင် ကျွန်တော်သူ့ညီမကို လက်ထပ်တာပိုကောင်းတယ်လို့ ဒါပေမယ့် မင်းကကော  အဆင်ပြေပါ့မလားဆိုပြီး မျက်နှာညှိုးသွားတယ် အဲ့ဒါနဲ့ကျွန်တော်လည်း " Pink လက်ခံရင် ငါလည်းအဆင်ပြေတယ်လို့ပြောခဲ့တယ်" လို့ပြောခဲ့တယ် သူ့အကိုစီစဉ်တာကို Pink လည်းမငြင်းခဲ့တဲ့အတွက် ကျွန်တော်နဲ့ Pink လက်ထပ်ခဲ့တယ် ကျွန်တော်  Pink ကို ညီမလေး တစ်​ယောက်လိုပဲစောင့်ရှောက်ခဲ့တယ် အဲ့အချိန်က Joong လည်းနိုင်ငံခြားမှာကျောင်းတတ်ဖို့ထွက်သွားခဲ့တယ် ကျွန်တော်က ကံမကောင်းသူပီပီ N'pink က သားလေးမွေးပြီးမကြာခင်မှာပဲဆုံးသွားခဲ့တယ် သားလေးကလည်း မွေးရာပါနှလုံးရောဂါသည်လေးဆိုတော့ပို ဂရုစိုက်ရတာပေါ့ဗျာ ကျွန်တော့် ဘဝက အိပ်မက်ကြီးသာဆိုချက်ချင်းနိုးထချင်တယ်ဗျာ

Direction of love (Love Story)Where stories live. Discover now