ZawgyiGun: P' Nine
Nine: N' Gun N' Gun သားလေးကော သားဘယ်မှာလဲ
Doctor : ကလေး မိဘ ဘယ်သူလဲ
Nine: ကျွန်တော် ပါဗျ
Doctor: ကလေးရဲ့အခြေအနေက အမြန်ဆုံးခွဲစိတ်ဖို့လိုနေပြီ ကလေးအသက်ရှုနှုန်းတွေအရမ်းနှေးနေတယ် အတတ်နိုင်ဆုံးတော့ ကျွန်တော်တို့ထိန်းပေးထားတယ် ခွဲစိတ်ဖို့အချိန်တော့သိပ်မကြာစေချင်ဘူး
Nine: ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ
Doctor:ကျွန်တော့် ကိုခွင့်ပြုပါအုံး
Nine:ဟုတ်ကဲ့ပါဆရာ
Gulf: Nine! ! ! Nine! ! ! Blueလေး အခြေအနေဘယ်လိုနေလဲ ဆရာကဘာပြောသွားလဲ
Nine စို့နင့်စွာမျက်ရည်များကျလာပြီး
Nine: Gulf သားလေးကို အမြန်ခွဲစိတ်ရမယ်တဲ့ သားလေးကို ငါဆုံးရှုံးမခံနိုင်ဘူးကွာ
Gulf: ခွဲစိတ်ဆို ခွဲစိတ်ရမှာပေါ့
Nine : ဒါပေမယ့်. . .
Gulf: မင်းပြောမှာငါသိတယ် မင်းစိတ်အေးအေးထား ငါပိုက်ဆံထွက်ရှာမယ် ငါလည်း ငါ့တူလေးကို ဆုံးရှုံးမခံဘူး မင်းစိတ်ချ
Nine: ကျေးဇူးတင်ပါတယ် ကွာ
Gulf: မလိုဘူး ဒါဆိုငါသွားမယ်
Nineခေါင်းလေးသာငြိမ့်ပြလိုက်
Gulf ပိုက်ဆံထွက်ချေးမယ်သာပြောတာဘယ်သူ့ဆီကချေးရမလဲမသိ နှလုံးအစားထိုးကုသဖို့အတွက် သူတို့ငွေစုခဲ့ကြပေမယ့် သူတို့စုထားတဲ့ငွေနဲ့ မလောက်နိုင် မိဘတွေဆီဖုန်းဆက်ရင်လည်း ညီမလေးကသူတို့သဘောတူတဲ့လူနဲ့ မယူလို့မြေးလို့တောက်အရာသွင်းတာမဟုတ် Gulf တစ်ယောက်မူးလည်နေအောင်စဉ်းစားပြီးမှ Ring ကိုစဉ်းစားမိပြီး 902 Club ကိုသာဦးတည်ခဲ့သည်
Nineသားလေးလက်ကိုကိုင်ပြီး သားအတွက်ဝမ်းနည်းနေပေမယ့် ခေါင်းထဲမှာတော့အတွေးတွေက နေရာလွတ်မရှိ
Nine: N'Gun သားလေးနားမှာ ခဏနေပေးနော် P'ပြန်လာခဲ့မယ်
လူ့အောက်ကျို့လို့ပိမသေဘူး သစ်ပင်အောက်ကျို့မှပိသေတာ
ဆိုတဲ့စကားက Nine အတွက်ဖြစ်နေပြီလေ သားလေးကိုတော့ အဆုံးရှုံးမခံနိုင်ပါ သားလေးအတွက်ဆို သေမင်းနဲ့တောင်စစ်ခင်းရဲပါတယ်
YOU ARE READING
Direction of love (Love Story)
Fiksi Penggemar❤Joongnine❤ ❤ OffGun ❤ ❤ MewGulf ❤ တို့ရဲ့ စိတ်ကူးယဉ်Ficလေးတစ်ပုဒ်ပါ