အသက်ထက်မက ချစ်ရပါသော.၅

647 81 8
                                    

"လူကြီးဘယ်သွားနေတာလဲ.မနက်ထဲက ထွက်သွားတာ''

Seokjin အမေးကို namjoon လစ်လျူ ရှရင်း သူ့အခန်းထဲ ဝင်သွားကာ တံခါးပိတ်လိုက်လေသည်။

Namjoon အခန်းထဲရောက်ရောက်ချင်း အိပ်ယာပေါ်
လှဲကာ ဆေးရုံမှ ဆရာဝန် ပြောသ်ာတို့ကို ပြန်လည်စဉ်းစားရင်း..
"ကလေး ရေ...ကိုယ်ဘာလုပ်သင့်လဲ''
.
.
.
.
.
.
.
.တဖက်မှ seok jinမှာလည်း သူ့ကို စကားပြန်မပြော
ပဲ အခန်းထဲဝင်သွားသည်ကို ကြည့်ရင်း စိတ်ကောက်
နေလေရဲ့..

ညနေစောင်းတော့ namjoon အခန်းတံခါးခေါက်သံ
ကြောင့် နိုးလာတော့ တံခါးထဖွင့်ရင်း

"အော်..ကလေး ဘာလို့လဲ''

"နေမကောင်းဘူးလား လူကြီး''

Namjoon ပြုံးရုံသာ ပြုံးရင်း

"ဒီလိုပဲ...ထမင်းစားဖို့ လာခေါ်တာဆို စားနှင့်တော့''

Namjoon ပြောရင်း တံခါးပြန်ပိတ်မယ်လုပ်တော့

"လူကြီး ကျွန်တော် ကိုယ်တိုင်ချက်ထားတာ''

"အင်း..''
သူကိုယ်တိုင် ချက်ထားတယ်ဟုပြောတာတောင် လာမစားပဲ 'အင်း'တစ်လုံးထဲ သာ ပြောသော ထိုလူကြီး
ကြောင့် seokjin မျက်ရည်များဝဲတတ်လာလေသည်။

ထို နေ့မှ စ၍ seokjin နဲ့ namjoon စကားကောင်း
ကောင်းမပြောဖြစ်
Namjoon ဘက်မှ seokjin အားရှောင် ဖယ်ရှောင်
ဖယ်လုပ်လာလေသည်.

Namjoon တစ်ယောက် အမြဲအရက်သောက်လာသည်.အမြဲ နောက်ကျမှ ပြန်ရောက်သည်.

Seokjin မနက်စာ ပြင်နေတုံး namjoon အခန်းထဲမှ ထွက်လာပြီး..

"လူကြီး ပျားရည်လေးသောက်လိုက်ပါလား.ခေါင်းကိုက်ပြေအောင်''

Namjoon ရှေ့မှာ ချထားသော ခွက်ကို မော့သောက်ရင်း

"သွားပြီ''

Seokjin အရှေ့မှ ထွက်သွားသော namjoon
နောက်ကို ပြေးလိုက်ရင်း လက်တစ်ဖက်ကို ဆွဲကာ

"လူကြီး...ဘာလို့ ကျွန်တော့်ကို ရှောင်နေတာလဲ''

"မရှောင်ပါဘူး''

"လူကြီး ကျွန်တော့ပေါ် စိမ်းကားနေတယ်''

"ငါ့ဘာသာ ဘယ်လိုနေနေ မင်းကို သံတော်ဦးတင်နေ
ရမှာလား kim seok jin''

အသက်ထက်မက ချစ်ရပါသော..💜{complete}Where stories live. Discover now