အသက်ထက်မက ချစ်ရပါသော.၂

848 82 3
                                    

Seok jin တစ်ယောက် ကျောင်းသွားရန် အိမ်အောက် ဆင်းလာ ချိန်

"ကလေး ကျောင်းသွားမှာ မှတ်လား..ကိုယ်လိုက်ပို့မယ်''

"ဟုတ်.ကျေးဇူး''

ပါးချိုင့်ကြီးကို နစ်ဝင်အောင်ပြုံးပြနေသော ထိုလူသား
ကြီးကြောင့် ရင်ဘက်ထဲက အကောင်ပေါက်လေးက
ဗျောင်းဆန်စွာဖြင့်..

ကားထဲရောက်တော့ seok jin အနောက်မှာ ထိုင်မယ်လုပ်တော့..
"ကလေး ကိုယ်က driver မဟုတ်ဘူး.အရှေ့မှာ လာထိုင်''

လေသံ နည်းနည်းမာသွားတာကြောင့် seok jin နှုတ်
ခမ်းမျာဆူကာ အရှေ့တွင် ဝင်ထိုင်လိုက်လေသည်.

Nam joonတစ်ယောက် သူ့ဘေးမှာ နှုတ်ခမ်း တစ်
တောင်လောက်ဆူပြီး လာထိုင်နေသော လူသားအား
ကြည့်ကာ သူမသိလိုက်ချိန်မှာပင် ပြုံးနေမိတာ ဘယ် နှကြိမ်ရှိပြီလဲ မသိခဲ့..

Nam joon ထိုဆူနေသော နှုတ်ခမ်းလေး နား သူ့မျက်နှာ ကပ်သွားချိန် seok jin မျက်နှာမှာ ခရမ်းချဉ်သီး
အလားနီရဲကာ..

"ဘာ..ဘာ..လုပ် မလို့လဲ''

Nam joon ပါးချိုင့်များပေါ်အောင်ပြုံးပြရင်း

"ဘာလုပ်မယ်ထင်လဲ ကလေး''

Seok jin တစ်ယောက် မျက်စိစုံ မှိတ်ရင်း ညာဘက်လက်လေးအား ဘယ်ဘက်ရင်ဘက်ပေါ်တင်ကာ
Seok jin ရင်ခုန်သံများကို သူ့လူကြီး မသိအောင်ဖိ
ထားရင်း..သူ့လူကြီးရဲ့ အနမ်းများကို စောင့်ကာ နှုတ်ခမ်းလေး ဆူထားရင်း..

Nam joon တစ်ယောက် မျက်လုံးမှိတ်ကာ နှုတ်ခမ်း
ဆူပြီးစောင့်နေတဲ့ ကောင်လေးကို ကြည့်ကာ ဘေးမှ ခါးပတ်လေး ယူပြီး seok jinအားပတ်​ပေးပြီး နှာဖူးလေးအား လက်ညိုးဖြင့် သာသာလေး ထိုးပြီး

"ဘာတွေမျှော်လင့်နေတာလဲ ကလေး''

Nam joon သူ့ကိုယ်သူ ခါးပတ်ပတ်ကာမေးလိုက်ရင်း မူပိုင် ပါးချိုင့်များ နစ်ဝင်အောင် ပြုံးကာ

"ကိုယ်မင်းကို နမ်းမယ်ထင်နေတာလား..ကိုယ့်ကလေး
လေးက..ကိုယ်က ခါးပတ်ပတ်ပေးတာပါ''

Seok jin တစ်ယောက် မှိတ်ထားသော မျက်လုံးလေးကို ဖွင့်ကြည့်တော့ ပါးချိုင့်များ ပေါ်အောင်ပြုံးနေသော
လူကြီး ကို မျက်စောင်းထိုးကာ..

အသက်ထက်မက ချစ်ရပါသော..💜{complete}Donde viven las historias. Descúbrelo ahora