Chapter-8. အတိတ်ရဲ့လွမ်းမောစရာနေ့ရက်များ

54 1 0
                                    

အရမ်းနောက်ကျသွားခဲ့ရင်တောင်းပန်ပါတယ်နော်။
ဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်😘😘😘

အားပေးဖတ်ပေးကြပါအုံးလို့😁

" ညီ နောက်မှာကား...."

ခေါင်ခိုက်လန့်ကာအော်လိုက်သောကြောင့် ကြီးမြင့်စိုးရိမ်ကြီးစွာဖြင် ရင်နုကိုဆရာဝန်ကြီးအား အမြန်ပြေးခေါ်ခိုင်းလိုက်ရင်း ခေါင်ခိုက်အနားတိုးကာ သားခေါင် ဘာမဖြစ်တော့ဘူးနော်သား စိတ်အေးအေးထား အခုကဆေးရုံပေါ်မှာ ကြီးမြင့်ဆရာဝန်ကြီးကို သွားခေါ်ခိုင်းထားတယ်နော်။

ဆတ်ခနဲထလိုက်သောအချိန် ဆေးသွင်းထာသောအရှိန်ကြောင့် ခေါင်းမူးဝေကာ မျက်လုံးများ ပြာဝေသွားလေသည်။ကြီးမြင့်အပြောကြောင့် ဆေးရုံရောက်နေသည်ကိုတော့ သတိထားမိလေသည်။

ဆရာဝန်ကြီးဝင်လာသည်နှင့် ကြီးမြင့် ခေါင်ခိုက်အနားကနေ နောက်အနည်းငယ်ဆုတ်ပေးကာ အခြေအနေကိုသာစောင့်ကြည့်နေလေသည်။

ဆရာစိုးရိမ်ရလားဟင် ခေါင်းတွေဘာတွေထိသွားသေးလားရှင့် ။

အစိုးရိမ်ကြီးစွာမေးလာသော ကြီးမြင့်ဖက်သို့လှည့်ကာ ဒီကလူနာနဲ့က ဘယ်လိုပတ်သက်လဲဗျ။

ဟုတ်ကဲ့ ကျွန်မကအိမ်အကူပါရှင့်။

အော် ဟုတ်ကဲ့ဗျ။ အရမ်းကြီးစိုးရိမ်စရာမရှိပါဘူး။လူနာက စိတ်ပင်ပန်း လူပင်ပန်းဖြစ်ကာ အရက်ရဲ့အချိန်ကြောင့်အားနည်းပြီး သတိလစ်သွားတာပါ။ဘာမှတော့မစိုးရိမ်ရတော့ပါဘူးဗျ။ ဒါဖြင့်ကျွန်တော်ကို ခွင့်ပြုပါအုံးနော်။

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်ဆရာ ။
ဆရာဝန်ကိုနုတ်ဆက်ကာ ကြီးမြင့် ခေါင်ခိုက်အနားသို့တိုးကာ သားရယ်ဘာတွေများအရေးကြီးနေလို့ ကားတစ်စီးလုံး လာနေတာကိုမမြင်ရတာလဲကွယ်။မောင်မျိုးသက်ဖုန်းဆက်တော့ ကြီးမြင့်စိတ်ပူလိုက်ရတာကွယ်။မသေကောင်းမပျောက်ကောင်း မျက်ရည်များသုတ်ကာ ဒေါ်မြင့်ပြောလေသည်။

"သားဖြစ်တာကို ဖေဖေတို့သိလားကြီးမြင့်။"

ကြီးမြင့်စိတ်ပူပြီး ရင်နုကိုဖုန်းဆက်ခိုင်းလိုက်တယ်။သားဖေဖေတို့လဲ ဆေးရုံးကိုလာနေပြီပြောတယ်။ဘာဖြစ်လို့လဲဟင်။စိတ်တွေထူပူကာ ဘာလုပ်ရမှန်းမသိလို့ ဖုန်းဆက်ကာအကျိူးအကြောင်း လှမ်းပြောမိလိုက်ပါ သာမကြိုက်လို့လားဟင်။

ဒုတိယမြောက်သတို့သားNơi câu chuyện tồn tại. Hãy khám phá bây giờ