Chapter-6:အချစ်၏ရင်ခုန်စရာည

53 1 0
                                    

"မဂ်လာပါ ဆရာ"

ခေါင်ခိုက်ကိုမြင်သည်နှင့် ဝန်ထမ်းများ နှုတ်ဆက်ကြလေသည်။ခေါင်ခိုက်သည်မျက်နာတည်တင်းသော်လည်းဝန်ထမ်းတွေအပေါ်ကရုစိုက်ပေးကာမိသားစုလိုဆက်ဆံရင်းအခက်ခဲရှိသူများကိုလည်းလိုအပ်သလိုကူညီပေးသည်။တစ်ခုဘဲအလုပ်နဲ့ပတ်သက်လျှင်တော့သည်းမခံပေ။အလုပ်ကိုတိတိကျကျ မှန်မှန်ကန်ကန် တိကျပြတ်သားစွာ လုပ်ကိုင်သည်ကိုသဘောကျလေသည်။ကြိုးစားသူများကိုလဲကိုးစားသည်အလျှောက်ထိုက်သင့်သိလစာကိုပေးလေသည်။ဒါကြောင့်လဲဝန်ထမ်းများကခေါင်ခိုက်ကိုချစ်ကြောက်ရိုသေ လေးစားကြလေသည်။

"မခင် ခနနေရင် ကျွန်တော့အခန်းထဲကို ခနလာခဲ့ပါအုံး ပြောစရာလေးတွေရှိနေလို့ ပြောပီး ခေါင်ခိုက် ရုံးခန်းထဲဝင်ကာကွန်ပြူတာရှေ့အလုပ်များကိုလုပ်နေလေသည်။

ထူးလေ ခနနော် မခင် ဆရာခေါ်နေလို့ရုံးခန်းထဲခနဝင်လိုက်အုံးမယ်။ဒီနေ့လက်မှတ်ထိုးရမည့်စာရင်းများကိုယူကာအခန်းထဲသို့ တံခါးခေါက်ကာဝင်လာခဲ့သည်။ဆရာ ကျွန်ကိုဘာများပြောစရာရှိလို့လဲမသိဘူးနော် မခင်၏အမေးကြောင့်....

"မခင် ထိုင်လေ "

ခေါင်ခိုက်အပြောကြောင့် ဟုတ်ကဲ့ဆရာ
ခုံတွင်ဝင်ထိုင်ရင်စကားဆိုမိသည်။

ဒီနေ့ကကုပ္မဏီရဲ့ဆယ်နှစ်မြောက်ရှိပြီဆိုတော့ ဝန်းထမ်းတွေကိုဒီည အပြင်မှာညစာလိုက်ကျွေးမလားလို့။မခင်ကစီစဥ်ပေးနိုင်မလားလို့ပါ။

"အော်...ဆရာရယ်"

မခင်ဝန်ထမ်းတွေကိုပြောလိုက်ပါ့မယ်။မခင်စားသောက်ဆိုင်ကိုပါတစ်ခါထဲဘိုကင်ချိတ်ထားလိုက်ပါ့မယ်။အားလုံးအဆင်ပြေအောင်မခင်လုပ်ထားပေးပါ့မယ်ဆရာ။

"မခင်ရှိနေလို့သာဘဲ ကျေးဇူးတင်ပါတယ်ဗျာ။"

မဟုတ်တာဆရာရယ် အားနာစရာမလိုပါဘူး။ ဆရာကဝန်ထမ်းတွေပေါ်မှာခုလိုလုပ်ပေးတာနဲ့တင်မခင်ကဝန်ထမ်းတွေအစားကျေးဇူးတင်ပါတယ်။ဒါဆိုမခင်သွားလိုက်ပါအုံးမယ်ဆရာ။ခေါင်ခိုက်က်ိုနှုတ်ကာမခင်ပြန်ထွက်လာကာဝန်ထမ်းများဘက်လှည့်ကာ အော်ပြောလေသည်။

ဒုတိယမြောက်သတို့သားTempat cerita menjadi hidup. Temukan sekarang