Chapter-11 ကြည်နူးဖွယ်ကောင်းသောနေ့

38 4 1
                                    

ဖတ်ပေးသူတစ်ယောက်ချင်းကိုကျေးဇူးတင်ပါတယ်လို့😘😘😘

ရုံးပိတ်ရက်ရဲ့မနက်ခင်းလေးဟာအလွန်သာယာပါလားနော်။ အိပ်ယာထပ်မှ စျာန်တစ်ယောက်သာယာသောမနက်ခင်းရဲ့ အငွေအသက်ကိုခံစားနေမိသည်။ ဒီနေ့တော့ လိုအပ်တဲ့ပစ္စည်းတွေအပြင်ထွက်ဝယ်အုံးမှပါလေ။ မေမေတို့ကောနေကောင်းရဲ့လားမသိဘူး အဆောင်ပြောင်းနေတဲ့နေ့ကစလို့ ဖေဖေနဲ့မေမေဆီတောင်မရောက်တာကြာပြီ။ ဒီလကုန်ရင်တော့သွားတွေ့ရမယ်။ မနက်စာကတော့အပြင်မှာပဲစားလိုက်ပါတော့မယ် အခန်းထဲမှာလဲစားစရာ သောက်စရာက ကုန်နေလေပြီ။ စျာန်အတွေးတို့နှင့်အတူရေချိုးခန်းထဲသို့ ဝင်ကာရေချိုးလေသည်။ ရေချိုးပြီး ရေသုတ်ပုဝါဖြင့်ကိုယ်ပေါ်မှတွဲခိုနေသော ရေစက်ကလေးများကိုပြောင်အောင်သုတ်ကာ မိမိနှင့်လိုက်ဖက်မည့်အဝတ်အစားတစ်စုံကိုထုတ်ကာဝတ်လေသည်။ မှန်ကိုကြည့်ကာ စျာန်တစ်ယောက် ကိုယ့်ကိုသဘောအကျကြီးကျနေမိလေသည်။ အွန်း ငါတော်တော်ချောပါလား အခုမှသေသေချာချာကြည့်မိတယ်။ နှဖူးပေါ်ကျနေသော ဆံပင်အချို့ကိုသပ်ရပ်စွာ ဖြီးသိမ်းနေလေသည်။ အကုန်ပြင်ဆင်ပြီးသည်နှင့် လှည်းတန်းစင်တာဖက်သို့ထွက်လာခဲ့လေသည်။ တော်သေးသည် တိုက်ခန်းနှင့် လှည်းတန်းစင်တာသွားလျှင်၁၅မိနစ်လောက်သာကြာသောကြောင့် လမ်းလျှောက်သာထွက်လာမိလေသည်။

စျာန်ရှေ့သို့ကားတစ်စီး ရုတ်တရက်ထိုးရပ်လာရင်း ကားထဲမှတစ်စုံတစ်ယောက်ခေါ်သံကြောင့် စျာန်လှည့်ကြည့်မိလေသည်။

"စျာန်"

ဘယ်သွားမို့လဲကိုယ်လိုက်ပို့မယ်လေ။

"အော်"

ဘယ်သူများလဲလို့ ကိုခေါင်ခိုက်ကို ဘယ်လာတာလဲ။

ပိတ်ရက်ဆိုတော့လေ လိုအပ်တာလေးတွေလာဝယ်တာ။ ညီကော ဘယ်သွားမို့လဲ။ ခေါင်ခိုက်ဒုတိယအကြိမ် ထပ်မေးမိခြင်းဖြစ်သည်။

ကျွန်တော်လဲလိုအပ်တာလေးတွေ City markမှာသွားဝယ်မလို့လေ။

"ဟာ ဒါဆိုအတော်ပဲ ကိုယ်လဲလိုအပ်တာဝယ်မှာဆိုတော့ အကိုနဲ့အတူစျာန်ပါလိုက်ခဲ့လေ။ အကိုကသိပ်မဝယ်တက်တော့ စျာန်ကိုအားကိုးရမယ်ထင်တယ်။ စျာန်အတွက်အပန်းမကြီးဘူးဆိုရင် လိုက်ခဲ့ပါ့နော်။"

ဒုတိယမြောက်သတို့သားNơi câu chuyện tồn tại. Hãy khám phá bây giờ