"ည"
အပိုင်း၁၆
ညအလင်း
ကျွန်တော့်ရဲ့ မေးဖျားလေးကို ကိုကိုလက်တစ်ဖက်နဲ့ဆွဲယူလိုက်ကာ ကျွန်တော့်အား သူ့ကိုမော့ကြည့်စေသည်။ အိုဘုရားရေ သူမျက်ရည်တွေကျနေတယ်။ သူကဘာလို့ငိုတာလဲ ။ ကျွန်တော် ကိုကိုငိုတာ ပထမဆုံးမြင်ဖူးတာပါ။ဘာလို့ငိုနေတာလဲ ကိုကိုက .... ကိုကိုက ဘာလို့ ငိုနေတာလဲ။
ကျွန်တော် သူ့ကို ကြည့်နေတုံးမှာပဲ သူကျွန်တော့်ကို ပွေ့ဖက်လိုက်လိုက်သည်။ တင်းကျပ်စွာဖက်ထားတော့ တုံရီနေတဲ့ သူ့လက်တွေကို ကျွန်တော် သတိထားမိလိုက်သည်။ကျွန်တော်ပါ ဘာမဆိုင်ညာမဆိုင် ငိုနေမိသည်။ ကိုကိုရယ် မငိုပါနဲ့ ကျွန်တော်နာကျင်ရတယ် ကိုကို။
ကျွန်တော်တောင် အငိုရပ်သွားရသည်။ သူကတုံရီ နေသောလေသံတိုးတိုးဖြင့်။
"ကိုကို ပြောပြီးပြီလေ ချစ်လေးရယ်..... မင်းကို သူ့ထက်အဆပေါင်းများစွာ ပိုချစ်တယ်လို့..... အဲဒါကြောင့် မင်းသူ့ရှေ့မှာ လိမ်စရာမလိုဘူး မင်းသူ့ရှေ့မှာလည်း ကိုကို ကိုပိုင်တယ်..... အားလုံးရှေ့မှာလည်း ကိုကို ကိုပိုင်တယ် နောက်ဆိုအဲလိုမလုပ်ပါနဲ့ ချစ်လေးရာ..... ကိုကိုမင်းအတွက် စိတ်မကောင်းလို့ပါ....."
သူစကားတို့က ကျွန်တော်ကို နောက်ထက် ငိုဖို့တွန်းအားပေးလိုက်သည်။ ဒီတစ်ခါတော့ သူစကားလုံးတွေ သိပ်ကိုလှပတဲ့ ပန်းတွေလို ကျွန်တော့် နှလုံးသားမှပေါက် ရောက်ပွင့်ဖူးနေလို့ဖြစ်သည်။ ပျော်သည် ထိုအပျော်က အရာရာကို ပိုင်ဆိုင်သွားရသလိုမျိုးပဲ။ မွန်းကျပ်ပြီး ပိတ်လှောင်နေတဲ့ဘဝကနေ တံခါးဖွင့်လိုက်တော့ သာယာလှပတဲ့ ပတ်ဝန်းကျင် အေးမြလန်းဆန်းတဲ့ လေကိုရှူရှိုက်လိုက်ရတဲ့ ပေါ့ပါးသွားတဲ့ ခံစားမူ့မျိုးဖြစ်သည်။ လှပလိုက်တာ ကိုကိုပေးတဲ့ ပျော်ရွှင်မူ့က။
##########
အောင်မြင့်ဇော်
သူတို့အကြောင်းတွေကို ကျွန်တော် လိုက်စုံစမ်းနေမိသည်။ တကယ်ပဲ သူဟိုကောင်နဲ့ လက်ထက်လိုက်တာလားဆိုတာကိုပေါ့။ ဘာလို့လဲ ပထမဆုံးတွေ့ပြီး မြင်မြင်ချင်း ချစ်မိပေမယ့် မင်းကို ကိုယ်ဘက်လောက်မြတ်နိုးမိသလဲဆိုတာ အဲ့ခနတာအချိန်လေးမှာ ကိုယ်သိလိုက်ရတာလဲ ခနတာလစ်ဟာသွားတဲ့ အချိန်တိုလေးအတွင်စမှာ ကိုယ်နဲ့မင်းကို အဲ့လောက်တောင် ဝေးကွာစေခဲ့တာလား ကလေးရယ်။
DU LIEST GERADE
"ည"(Zaw/Uni)Completed
Romantikဒီဇာတ်လမ်းလေးကို fbမှာ တင်ခဲ့တာ ကြာပါပြီ။ fbမှာ အားပေးသလို အားပေးကျပါလို့။ မထင်မှတ်ပဲ လက်ထက်လိုက်ရတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ဖြစ်ပေါ်လာမယ့် ချစ်ခြင်းကို ရေးသားထားတာပါဗျ။ facebook တွင် Nov-28ရက်,2019 ခုနှစ်တွင် စတင်ရေးသားခဲ့ပါသည်။